လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင်‌့ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး အား Gender Equality Network အဖွဲ့အစည်းမှ လာရောက်တွေ့ဆုံမှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာ ခန်းမတွင် ဇွန်လ ၂၀ ရက်နေ့၊ နံနက်(၁၁း၀၀)နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Gender Equality Network အဖွဲ့အစည်းမှ ဒေါ်မေစပယ်ဖြူ ဦးဆောင်သည့် ပဲ့ကိုင်ကော်မတီဝင်များ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန နှင့် ကျား၊ မ ရေးရာ တန်းတူညီမျှရေးကွန်ရက်တို့ ၂၀၀၈ ခုနှစ်မှစ၍ မြန်မာနိုင်ငံရှိအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး အတွက်အတူတကွ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာအမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း (၂၀၁၃-၂၀၂၂) ရေးဆွဲခြင်းနှင့် အကောင်အထည် ဖော်ဆောင် ရွက်ခြင်းဆိုင်ရာကိစ္စရပ်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုတားဆီးကာကွယ်ရေး ဥပဒေမူကြမ်းရေးဆွဲ ခြင်းဆိုင်ရာကိစ္စရပ်များ၊ သုတေသနဆောင်ရွက်မှုနှင့် ပတ်သက်သည့်ကိစ္စရပ်များ၊ ကျား၊ မ ရေးရာ နည်းပညာ ဆိုင်ရာ ပံ့ပိုးကူညီမှုများပေးခြင်းကိစ္စရပ်များနှင့်ရှေ့ ဆက်လက်ပူးပေါင်းဆောင်ရွက်မည့်လုပ်ငန်းစဥ်များနှင့် ပတ် သက်၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

 

Sign Up

Upcoming Events