မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အ.ထ.က (၁) တွင် သဘာဝဘေးအန္တရာယ်၊ မူးယစ်ဆေးဝါးနှင့် ကျောင်း ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲပြုလုပ်မှုသတင်း

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသဦးစီးမှူးရုံးမှ တာဝန် ရှိသူများ သည် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ အ.ထ.က (၁) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာမူးယစ်ဆေးဝါး အန္တရာယ်ဆိုင်ရာနှင့် ကျောင်းကျန်းမာရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို (၂၀-၆-၂၀၁၆) ရက်နေ့တွင် ပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ဦးရေ (၃၀၀) ခန့် တက်ရောက်ခဲ့ပါသည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် မကွေးတိုင်းဒေသကြီး (ကဆရ) ဦးစီးမှူး ဦးမြင့်စိုးမှ ဘေး အန္တရာယ်စီမံခန့်ခွဲမှု၊ မြန်မာနိုင်ငံတွင် ဖြစ်ပွါးလေ့ရှိသော ဘေးအန္တရာယ်များနှင့် ဆောင်ရန်ရောင်ရန်များကို ဟောပြောခဲ့ပါသည်။ ထို့နောက်မူးယစ်တပ်ဖွဲ့မှ ဒုရဲမှူးလှစိုးက မူးယစ်ဆေးဝါးအန္တရာယ် သိမှတ်ဖွယ်ရာများ အားလည်းကောင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာဒေါ်ဝိုင်းမို့မို့သူက ကျောင်းကျန်းမာရေးဆိုင်ရာ နှင့် သွေးလွန်တုပ်ကွေးရောဂါအကြောင်း သိမှတ်ဖွယ်ရာများအား ဟောပြောခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events