Author Archives: RRD
-
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့ ပိုးလောင်းကျေးရွာအုပ်စု၊ ညောင်းချောင်းလေးကျေးရွာတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြောင်းမြ မြို့ ပိုးလောင်းကျေးရွာအုပ်စု၊ ညောင်းချောင်းလေးကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို (၂၂-၆-၂၀၁၆) ရက်နေ့တွင် ပြုလုပ်ခဲ့ရာ ကျေးရွာလူထု (၁၄၀) ဦး တက်ရောက်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ပြည်သူလူထုအား မီးဘေး၊ လေဘေး၊ မိုးကြိုးဘေး၊ ရေဘေး ဆိုင်ရာများ ဆွေးနွေးခဲ့ပြီး၊ လက်ကမ်းစာစောင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးအား ဘေး (၈) မျိုး ပိုစတာနှင့် ဥပဒေစာအုပ် များ ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
-
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ သဘာ၀ဘေးလျော့ပါးရေးအသိပညာပေးသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ တာ၀န် ရှိသူများသည် မြောင်းမြမြို့၊ ပိုးလောင်းကျေးရွာအုပ်စု၊ ညောင်းချောင်းလေးကျေးရွာတွင် ကျေးရွာ လူထု (၁၄၀)ဦးအား (၂၂-၆-၂၀၁၆)ရက်နေ့တွင် သဘာ၀ဘေးအသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့ ကြောင်းသတင်းရရှိပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား နိုင်ငံတကာအဖွဲ့အစည်း၊ ပြည်တွင်းအဖွဲ့အစည်းများမှ သီးခြားစီ လာရောက်တွေ့ဆုံခြင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ (၂၂) ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား Agence Francaise Developpment အဖွဲ့အစည်းမှ Health Expert, Health and Welfare Division in Paris ဖြစ်သူ Mr. Philippe Lagier ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုကာကွယ်စောင့်ရှောက်ရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ဝန်ကြီးဌာန၏ဦးစားပေးလုပ်ငန်းစဉ်ဖြစ်သည့် လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်ပါကိစ္စရပ်များ၊ ရက် (၁၀၀) … Read more
-
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် သဘာ၀ဘေးအသိပညာပေးသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ တိုင်းဦးစီးမှူးရုံး မှတာ၀န်ရှိသူများသည် ပျဥ်းမနားမြို့၊ အ.ထ.က(၂)ရှိ ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၇၀၀)ဦးအား (၂၂-၆-၂၀၁၆)ရက်နေ့တွင် သဘာ၀ဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။
-
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ အ.ထ.က (၄) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြိတ်မြို့ နယ် အ.ထ.က (၄) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို (၂၂-၆-၂၀၁၆) ရက်နေ့ တွင် ပြုလုပ်ခဲ့ရာ ဆရာ/ဆရာမ၊ ကျောင်းသား/ကျောင်းသူ ဦးရေ (၇၉၃) ဦးခန့် တက်ရောက်ခဲ့ပါသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်သည့် အကြောင်းအရာများ၊ ရှောင်ရန် ဆောင်ရန်များ အသိပညာပေးခြင်းများဆောင်ရွက်ခဲ့ပြီး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများ၊ ဘောလ်ပင်များနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုစာအုပ်များအား ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်။
-
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်တွင် သဘာ၀ဘေးအသိပညာပေးသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှ တာ၀န်ရှိသူများသည် ကျောက်မဲမြို့၊ အ.ထ.က (၄)ရှိ ကျောင်းသား/ကျောင်းသူစုစုပေါင်း (၂၀၀)ဦးခန့် အား (၂၂-၆-၂၀၁၆)ရက်နေ့တွင် သဘာ၀ဘေးအသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါ သည်။
-
မွန်ပြည်နယ်၊ သထုံခရိုင်၊ အ.ထ.က (ရင်းငြိမ်တောင်) တွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
(၂၂-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံတွင် လက်တလောဖြစ်ပွားနေသည့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခတ်ခြင်း စသည်များဖြစ်ပေါ်လျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် ကိစ္စများ၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသုတရရှိစေရေးအတွက် အ.ထ.က (ရင်းငြိမ်တောင်) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ သူများနှင့် ဆရာ/ ဆရာမများ၊ စုစုပေါင်းလူဦးရေ … Read more
-
တနင်္သာရီတိုင်းဒေသကြီး၊ အ.လ.က (၃) ထားဝယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၆) ရက်နေ့တွင် အ.လ.က (၃) ထားဝယ်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/သူ (၂၇၇) ဦး တက်ရောက်ခဲ့ကြောင်းနှင့် ကျောင်းသား/သူများအတွက် ဗလာစာအုပ်များ၊ ဘောလ်ပင်များ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာလက်ကမ်းစာစောင်များနှင့် ပိုစတာများလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ကျိုင်းတုံမြို့၊ အ.လ.က(၄)ကျောင်းတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ကျိုင်းတုံခရိုင်ဦးစီးရုံးမှ တာဝန်ရှိသူများသည် (၂၂-၆-၂၀၁၆) ရက်နေ့တွင် ကျိုင်းတုံမြို့၊ အ.မ.က(၄)ကျောင်း၌ သဘာဝဘေးအန္တရာယ်အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ရာ သဘာဝဘေးနှင့်ပတ်သက်သည့်အကြောင်းအရာများ၊ ဆောင်ရန်/ရှောင်ရန်အချက်များ ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်သူ ဆရာ/ဆရာမနှင့် ကျောင်းသား/သူဦးရေ စုစုပေါင်း (၁၇၁)ဦး တက်ရောက်ခဲ့ပြီး လက်ကမ်းစာစောင်များနှင့်နံရံကပ်ပိုစတာများလည်းဖြန့်ဝေပေးခဲ့ကြောင်းသတင်းရရှိပါသည်။
-
ဖျာပုံမြို့၊ အ.ထ.က(၁)ကျောင်း၌ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနှင့် တုံပြန်ရေးအသိပညာများ ဟောပြောပွဲကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ၊ ဖျာပုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၁-၆-၂၀၁၆) ရက်နေ့ တွင် ဖျာပုံမြို့၊ အ.ထ.က(၁)ကျောင်း၌ (၁၄းဝ၀) သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆွေးနွေးပွဲအားပြုလုပ်ကျင်းပခဲ့ပြီး အခြေခံကျဆုံးနဲ့လေ့လာသင်ယူမှု အကောင်းဆုံးအရွယ်ဖြစ်သည့်ကျောင်းသား/သူများအနေဖြင့် သဘာဝဘေးအသိပညာများအား ငယ်ရွယ်စဉ်အချိန်မှလေ့လာနိုင်ကြရန်နှင့် ကျောင်းပြင်ပ ဗဟုသုတများပိုမိုသိရှိထားခြင်းဖြင့် အနာဂတ်တွင် ဖွံဖြိုးမှုအားကောင်းသော ဘက်စုံထူးချွန်သောလူငယ်များဖြစ်စေရေးနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန် /ရှောင်ရန်များအားဆွေးနွေးဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ နံရံကပ်ပိုစတာများ ဝေငှပေးခဲ့ကြောင်း သတင်းရရှိပါသည်၊၊
