လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေးအား နိုင်ငံတကာအဖွဲ့အစည်း၊ ပြည်တွင်းအဖွဲ့အစည်းများမှ သီးခြားစီ လာရောက်တွေ့ဆုံခြင်း

11 22

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် ဇွန်လ (၂၂) ရက်နေ့‌၊ နေ့လည် (၁၃:၀၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား  Agence Francaise Developpment  အဖွဲ့အစည်းမှ Health Expert, Health and Welfare Division in Paris ဖြစ်သူ Mr. Philippe Lagier  ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ လူမှုကာကွယ်စောင့်ရှောက်ရေးကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ၊ ဝန်ကြီးဌာန၏ဦးစားပေးလုပ်ငန်းစဉ်ဖြစ်သည့် လူမှုကာကွယ်စောင့်ရှောက်ရေးမဟာဗျူဟာစီမံချက်ပါကိစ္စရပ်များ၊ ရက် (၁၀၀) စီမံချက်ပါကိစ္စရပ်များ၊ သက်ကြီးရွယ်အိုထောက်ပံ့ရေးကိစ္စရပ်များ၊ ချင်းပြည်နယ် တွင်ဆောင်ရွက်ရန်စီမံလျက်ရှိသည့် လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းကိစ္စများကို ရင်းနှီး ပွင့်လင်းစွာဆွေးနွေးခဲ့ကြပါသည်။

အလားတူ ‌နေ့လည် (၁၅:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား ငြိမ်းချမ်းမြန်မာကူညီထောက်ပံ့ရေးဖောင်ဒေးရှင်းမှ ဥက္ကဌြဖစ်သူ ဒုတိယဗိုလ်မှူးကြီးသန့်ဇင် (အငြိမ်းစား) ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ မိုင်းကြောင့် ကိုယ်အင်္ဂါမသန်စွမ်းဖြစ်ခဲ့ရသူများအား ကူညီထောက်ပံ့ရေးကိစ္စရပ်များနှင့် မိုင်းအန္တရာယ်ရှိနေဆဲဒေသများတွင် မိုင်းအန္တရာယ်အသိပညာပေးခြင်းများ ပြုလုပ်ရေးကိစ္စရပ်များကို လူမှုဝန်ထမ်းဦးစီးဌာန၊ ယူနီဆက်တို့နှင့် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ မြေမြှပ်မိုင်းအန္တရာယ် ကင်းဝေး ရေးလုပ်ငန်းစဉ်များတွင် မိုင်းကင်းစင်သော မြန်မာနိုင်ငံဖြစ်ပေါ်ရေးအတွက် စည်းရုံးလှုံဆော် ပညာပေးလုပ်ငန်းအတွက် ဆောင်ရွက်ရန်ကိစ္စရပ်များ၊ ကယားပြည်နယ်၊ ကရင်ပြည်နယ် နှင့် ပဲခူးတိုင်းဒေသကြီး (အရှေ့) တို့တွင် မြေမြှပ်မိုင်း ရှင်းလင်းရေးပညာပေးလုပ်ငန်းများ ဆောင်ရွက် နိုင်မည့်ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

အလားတူ ‌ညနေ ( ၁၆:၀၀ ) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား သြစတြီးယားနိုင်ငံရှိ “Four Paws International (FPI)”မှ ဒါရိုက်တာဖြစ်သူ Dr. Amir Khalil ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။  ထိုသို့တွေ့ဆုံရာ၌  သဘာဝအန္တရာယ် ကြုံတွေ့လာပါက လူများသာမက တိရိစ္ဆာန်များကိုပါ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခြင်း၊ တိရိစ္ဆာန်များအတွက် ယာယီတဲများ ဆောက်လုပ်ပေးခြင်း၊ ပြန်လည်နေရာချထားပေးခြင်း၊ ရေနှင့် တိရိစ္ဆာန်အစားအစာများ၊ ဆေးဝါးများ ဖြန့်ဝေထောက်ပံ့ခြင်း၊ ဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသည့် တိရိစ္ဆာန်များကို ပြန်လည်အစားထိုးထောက်ပံ့ရေးဆိုင်ရာ ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Sign Up

Upcoming Events