မွန်ပြည်နယ်၊ သထုံခရိုင်၊ အ.ထ.က (ရင်းငြိမ်တောင်) တွင် သဘာဝဘေးအန္တရာယ် ဆိုင်ရာ အသိပညာပေးဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

th221

(၂၂-၆-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မြန်မာနိုင်ငံတွင် လက်တလောဖြစ်ပွားနေသည့် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးရေလျှံခြင်း၊ မိုးသီးကြွေခြင်း၊ မိုးကြိုးပစ်ခတ်ခြင်း စသည်များဖြစ်ပေါ်လျက်ရှိရာ မွန်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/ ကျောင်းသူများအနေဖြင့် သဘာဝဘေးအန္တရာယ်များဖြစ်ပွားလာပါက လိုက်နာရမည့် ဆောင်ရန်/ရှောင်ရန် ကိစ္စများ၊ ကြိုတင်ကာကွယ်ခြင်း၊ ကြိုတင်ပြင်ဆင်ခြင်းနှင့် တုံ့ပြန်ခြင်းဆိုင်ရာ အသိပညာဗဟုသုတရရှိစေရေးအတွက် အ.ထ.က (ရင်းငြိမ်တောင်) တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ ကျောင်းသား/ သူများနှင့် ဆရာ/ ဆရာမများ၊ စုစုပေါင်းလူဦးရေ (၃၅၀) ဦးတက်ရောက်ခဲ့ပြီး သထုံခရိုင်ဦးစီးမှူးမှ ကျောင်းအုပ်ကြီးထံသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး နံရံကပ်ပိုစတာများ ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။

Source: သထုံခရိုင်ဦးစီမှူးရုံး(ကဆရ)

Sign Up

Upcoming Events