Author Archives: RRD

  • ဟားခါးမြို့ အထက(၁)၊ အထက (၂) နှင့် အထက (၃) ကျောင်းများတွင် သဘာဝဘေးအန္တရာယ်များအကြောင်း ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း

    (၂၄-၆-၂၀၁၆) ရက်နေ့၊ (၂၀၁၆-၂၀၁၇) ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ်နှင့် ကျောင်းသန့်ရှင်းရေး/ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ရက်သတ္တပတ်အစီအစဉ် လုပ်ငန်းခွင် အသိပညာပေးဟောပြောပွဲ အစီအစဉ်ကို (၂၄-၆-၂၀၁၆) ရက်နေ့၊ (၀၉:၀၀) အချိန်မှစ၍ (၁၅:၀၀) နာရီအထိ ချင်းပြည်နယ်၊ ဟားခါးမြို့ အထက (၁)၊ အထက (၂) နှင့် အထက (၃) ကျောင်းများတွင် ကျင်းပခဲ့ရာ ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ဦးစီးဌာန၊ ပြည်နယ်ပညာရေးဦးစီးဌာန၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ကျောင်းများသို့ သွားရောက်ကာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။ … Read more

  • လားရှိုးမြို့ အထက (၉) တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လားရှိုးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၆-၂၀၁၆) ရက်နေ့၊ (၁၃:၃၀) မှ (၁၅:၀၀) နာရီအချိန်ခန့်အထိ လားရှိုးမြို့ အထက (၉) တွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ဟောပြောပွဲသို့ လားရှိုးမြို့ အထက (၉) မှ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၂၇၀) ဦးတက်ရောက်ခဲ့ကြပြီး၊ လက်ကမ်းစာစောင်များနှင့် နံရံကပ်ပိုစတာများလည်း ဝေငှပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events