ဟားခါးမြို့ အထက(၁)၊ အထက (၂) နှင့် အထက (၃) ကျောင်းများတွင် သဘာဝဘေးအန္တရာယ်များအကြောင်း ဟောပြောဆွေးနွေးပွဲကျင်းပပြုလုပ်မှုသတင်း

2 3(၂၄-၆-၂၀၁၆) ရက်နေ့၊ (၂၀၁၆-၂၀၁၇) ပညာသင်နှစ်၊ ကျောင်းအပ်နှံရေးသီတင်းပတ်နှင့် ကျောင်းသန့်ရှင်းရေး/ကျန်းမာရေးနှင့် ဖွံ့ဖြိုးရေး ရက်သတ္တပတ်အစီအစဉ် လုပ်ငန်းခွင် အသိပညာပေးဟောပြောပွဲ အစီအစဉ်ကို (၂၄-၆-၂၀၁၆) ရက်နေ့၊ (၀၉:၀၀) အချိန်မှစ၍ (၁၅:၀၀) နာရီအထိ ချင်းပြည်နယ်၊ ဟားခါးမြို့ အထက (၁)၊ အထက (၂) နှင့် အထက (၃) ကျောင်းများတွင် ကျင်းပခဲ့ရာ ပြည်နယ်ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်နယ်ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်လူဝင်မှုကြီးကြပ်ရေးနှင့် မှတ်ပုံတင်ဦးစီးဌာန၊ ပြည်နယ်ပညာရေးဦးစီးဌာန၊ ပြည်နယ်သစ်တောဦးစီးဌာန၊ ပြည်နယ်စည်ပင်သာယာရေးဦးစီးဌာန၊ ပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနတို့မှ ကျောင်းများသို့ သွားရောက်ကာ အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ အခမ်းအနားတွင် ချင်းပြည်နယ်ဦးစီးမှူးရုံးရှိ တာဝန်ရှိသူများမှ သဘာဝဘေးအန္တရာယ်များအကြောင်း ဟောပြောဆွေးနွေးခဲ့ကြရာ တက်ရောက်သူ ဆရာ/ဆရာမများနှင့် ကျောင်းသား/သူ စုစုပေါင်း (၁၂၀၀) ကျော်တက်ရောက်ခဲ့ကြပြီး၊ လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events