ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ် ( ၂၁ ) ခြေလျင်တပ်ရင်း ခန်းမဆောင်၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အမှတ် ( ၂၁ ) ခြေလျင်တပ်ရင်း ခန်းမဆောင်၌ (၂၃-၆-၂၀၁၆) ရက်နေ့ (၁၄:၃၀) နာရီအချိန်တွင် ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးက မြန်မာနိုင်ငံတွင် ဆောင်ရွက်လျက်ရှိသော သဘာဝဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအကြောင်း မှတ်တမ်းဗီဒီယိုပြသခြင်း၊ ပိုစတာများ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေနှင့် နည်းဥပဒေများအား ဆွေးနွေးဟောပြောခဲ့ရာ စုစုပေါင်းလူဦးရေ ( ၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။
Source: ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events