Author Archives: RRD

  • ရေဘေးသင့်ပြည်သူများအတွက် အလှူငွေပေးအပ်မှုသတင်း

    မြန်မာနိုင်ငံအတွင်းဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဝန်ထမ်းမိသားစုများမှ လှူဒါန်းငွေကျပ် (၈,၇၅၀,၀၀၀) အား အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်မှလည်းကောင်း၊ ဝန်ကြီးဌာနအမျိုးသမီးရေးရာအဖွဲ့မှ လှူဒါန်းငွေကျပ် (၅) သိန်းနှင့် ဝန်ကြီးဌာန မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းခွဲမှ လှူဒါန်းငွေကျပ် (၅) သိန်း၊ စုစုပေါင်းလှူဒါန်းငွေကျပ် (၁၀) သိန်းအား ငွေရေးကြေးရေး ကြီးကြပ်စစ်ဆေးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစန္ဒာဦးတို့မှ (၁၅-၈-၂၀၁၆) ရက်နေ့ ညနေပိုင်းတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာနသို့ လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းြမတ်အေးမှ လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာများြပန်လည်ပေးအပ်ခဲ့ပါ ကြောင်း သိရှိရပါသည်။ … Read more

  • ကြို့ပင်ကောက်မြို့နယ်ရေဘေး ထောက်ပံ့ပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပြည်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ကြို့ပင်ကောက်မြို့နယ်ကျေးရွာအချို့တွင်ရေဘေးဖြစ်၍ ပြောင်းရွှေ့သည့်အိမ်ထောင်စု(၂၃)စုမှ လူဦးရေ(၉၈)ဦးအတွက် တစ်အိမ်ထောင်လျှင် ဆီ(၅၀)ကျပ်သား၊ ဆန်ရိက္ခာဖိုး ငွေ(၅) ရက်စာ (၁၇၄၆ဝဝ)ကျပ်ကို(၁၄.၈.၂၀၁၆)နေ့တွင် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events