ပဲခူးတိုင်းဒေသကြီး၊ လက်ပံတန်းမြို့နယ်တွင် ကျောင်းသားနှစ်ဦး ရေဘေးဖြစ်ပွားနေစဉ် ဆိုင်ကယ်စီး၍ ရေစီးတွင် မျောပါသေဆုံးသွားရာ ၄င်းကျောင်းသားနှစ်ဦးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများက ထောက်ပံ့ငွေ (၂)သိန်းကျပ်တိတိအား သွားရောက်ထောက်ပံ့ ခဲ့ကြောင်း သတင်းရရှိပါသည်။