Author Archives: RRD

  • ငလျင်လှုပ်ခတ်မှုသတင်းနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ဆောင်ရွက်ချက်

    ၁။ ၂၀၁၆ခုနှစ်၊ ဩဂုတ်လ (၂၄) ရက်နေ့ မြန်မာစံတော်ချိန် (၁၇) နာရီ (၀၄) မိနစ် (၅၅) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် (၁၂၃) မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ချောက်မြို့၏အနောက်ဘက် (၁၂)မိုင်ခန့်အကွာ) ကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၆.၈) အဆင့်ရှိ အင်အားပြင်းထန်သောမြေငလျင်တစ်ခုလှုပ်ရှားသွားကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သတင်းထုတ်ပြန်ခဲ့ပါသည်။ ၂။ ငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်၍ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးကိုယ်တိုင်ဝန်ကြီးဌာနတွင်ဖွင့်လှစ်ထားရှိသည့် အရေးပေါ် အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာနတွင် လမ်းညွှန်ကြီးကြပ်၍လည်းကောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာနဦးစီးမှူးရုံးများနှင့်ဆက်သွယ်၍လည်းကောင်းသတင်းရယူဆောင်ရွက်ခဲ့ပါသည်။ စုံစမ်းမှုများအရ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြိို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် … Read more

  • မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အနောက်ဆယ်လံကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း

    မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အနောက်ဆယ်လံကျေးရွာတွင် သြဂုတ်လအတွင်း မြစ်ရေမြင့်တက်မှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၃၀) အိမ်ထောင်စု (၃၀) မှ လူဦးရေ (၁၂၁) ဦးတို့အား ဘေးလွတ်ကင်းရာနေရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ပါသည်။ အဆိုပါကြိုတင်ရွှေ့ပြောင်းခဲ့သည့် အိမ်ထောင်စုများအတွက် ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အိမ်ထောင်စု (၃၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၁၀၈,၉၀၀) ကျပ်တိတိနှင့် အိမ်ဆောက်ပစ္စည်းဖိုး‌ငွေ (၆၀၀,၀၀၀) ကျပ်တိတိတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူများထံသို့ (၂၄-၈-၂၀၁၆) ရက်နေ့တွင်  ထောက်ပံ့ပေးခဲ့ကြောင်း … Read more

Sign Up

Upcoming Events