ရေဘေးသင့်ပြည်သူများအတွက် ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) သို့ အလှူငွေများ လာရောက်လှူဒါန်းမှုသတင်း

11 22

မြန်မာနိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော ရေဘေးသင့်ပြည်သူများအတွက် (၂၄-၈-၂၀၁၆) ရက်နေ့တွင် ဦးခင်မောင်ဝေ+ ဒေါက်တာဂရီတာသိန်း (ရန်ကုန်) မှ အလှူငွေကျပ် (၅၀၀,၀၀၀)၊ ဆေးတက္ကသိုလ် (၂) ရန်ကုန်အရာထမ်း၊ အမှုထမ်းများမှ အလှူငွေကျပ် (၉၀၀,၀၀၀)၊ BACKSEUNG TRADING CORP.(S.C BACK) မှ အလှူငွေကျပ် (၆,၀၀၀,၀၀၀)၊ HTOO FAMILY INTERNATIONAL TRADING Co.,Ltd (ရန်ကုန်) မှ အလှူငွေကျပ် (၃,၆၀၀,၀၀၀)၊ HIGH GRADE IMAGE Co.,Ltd မှ အလှူငွေကျပ် (၂,၄၀၀,၀၀၀)၊ ကိုးကန့်တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအသင်း (ရန်ကုန်) မှ အလှူငွေကျပ် (၃,၅၀၀,၀၀၀)၊ စုစုပေါင်း (၁၆၉) သိန်းတို့ကို ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) သို့ လာရောက်လှူဒါန်းခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူးနှင့် တာဝန်ရှိသူများမှ အလှူငွေများ လက်ခံရယူခဲ့ကြောင်း သိရှိရပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events