မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အနောက်ဆယ်လံကျေးရွာ ကမ်းပြိုဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုများ ပေးအပ်မှုသတင်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ အနောက်ဆယ်လံကျေးရွာတွင် သြဂုတ်လအတွင်း မြစ်ရေမြင့်တက်မှုကြောင့် ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၃၀) အိမ်ထောင်စု (၃၀) မှ လူဦးရေ (၁၂၁) ဦးတို့အား ဘေးလွတ်ကင်းရာနေရာသို့ ရွှေ့ပြောင်းပေးခဲ့ပြီးဖြစ်ပါသည်။

အဆိုပါကြိုတင်ရွှေ့ပြောင်းခဲ့သည့် အိမ်ထောင်စုများအတွက် ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် အိမ်ထောင်စု (၃၀) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး၊ ဆန်ရိက္ခာဖိုးငွေ (၁၀၈,၉၀၀) ကျပ်တိတိနှင့် အိမ်ဆောက်ပစ္စည်းဖိုး‌ငွေ (၆၀၀,၀၀၀) ကျပ်တိတိတို့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ဘေးသင့်ပြည်သူများထံသို့ (၂၄-၈-၂၀၁၆) ရက်နေ့တွင်  ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။

Source: ပခုက္ကူခရိုင်ဦးစီးမှူးရုံး (ကဆရ)

Sign Up

Upcoming Events