Author Archives: RRD

  • ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်တွင် မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် လှိုင်မြို့နယ် (၁၁)ရပ်ကွက်၊ စံပယ်ခြံ(၂)လမ်းတွင် (၂၉-၁၁-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးကြောင့် မီးဘေးသင့် အိမ်ခြေ(၄)လုံး၊ အိမ်ထောင်စု(၁၃)စုမှ လူဦးရေ (၅၉)ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း(၉)မျိုး၊ (၁၃) အိမ်ထောင်စာ၊ ဆန်ရိက္ခာ(၃)ရက်စာဖိုးငွေကျပ် (၅၃၁၀၀)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၅၀၀,၀၀၀)၊ စားဆီ (၁၃)ဖာ၊ ရေသန့် (၁၀၀)ကဒ်၊ SCG Relief bags (၅၉)ထုပ်၊ HUAWEI family kits (၁၃)ပုံး၊ ခေါက်ဆွဲခြောက်(၁၃)ဖာ၊ မြက်ဖျာ(၁၃)ခု တို့အား (၃၀-၁၁-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

  • MAPDRR (2016) အသစ်ရေးဆွဲရေး ပထမအကြိမ်နည်းပညာဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေး (1st Technical Working Group Meeting) ကျင်းပပြုလုပ်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနသည် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုလုပ်ငန်းကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံသဘာဝဘေးလျော့ပါးရေးလုပ်ငန်းစီမံချက် (Myanmar Action Plan of Disaster Risk Reduction-MAPDRR) အား ၂၀၁၂ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယခုအခါ MAPDRR (၂၀၁၆) အသစ်ပြန်လည်ရေးဆွဲနိုင်ရေးအတွက် 1st Technical Working Group Meeting အား မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (ရုံးချုပ်)၊ နေပြည်တော်၌ (၃၀-၁၁-၂၀၁၆) ရက်နေ့တွင် ကျင်းပပြုလုပ်ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်က တက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ … Read more

  • မြောက်ဦးခရိုင်ဦးစီးမှူးရုံးတွင် မီးဘေးထောက်ပံ့မှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောက်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းပြားမြို့၊ ဦးစိုးတင့်ရပ်ကွက်တွင် (၂၅-၁၁-၂၀၁၆)ရက်နေ့တွင် ဖြစ်ပွားခဲ့သောမီးဘေးသင့် ပြည်သူများအတွက် ကယ်ဆယ်ရေးပစ္စည်း (၉)မျိုး၊  အိမ်ထောင်စု (၂၁)စုစာနှင့် ဆန်ရိက္ခာ (၃) ရက်စာတန်ဖိုးငွေကျပ် (၉၄၅ဝဝ)၊ အိမ်ဆောက်ပစ္စည်းတန်ဖိုးငွေကျပ် (၅ဝဝဝဝဝ) တို့ကို (၂၈-၁၁-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်းသတင်းရရှိပါသည်။

  • သက်ငယ်မုဒိမ်းမှုဖြေရှင်းဆောင်ရွက်ရေးညှိနှိုင်းအစည်းအဝေးကျင်းပ

    နေပြည်တော်၊ နိုဝင်ဘာ  ၂၈ သက်ငယ်မုဒိမ်းမှု ဖြစ်စဉ်များပိုမိုများပြားလာခြင်းကြောင့်ပြည်သူလူထုစိတ်နှလုံးမချမ်းမြေ့ဖွယ် ဖြစ်ရပြီး မြန်မာ့လူ့အဖွဲ့အစည်း၏ ဂုဏ်သိက္ခာညှိုးနွမ်းစေသဖြင့် နိုင်ငံအတွင်းရှိ ကလေးသူငယ်များ၏ လူမှုဘဝများ လုံခြုံရေးအတွက် သက်ငယ်မုဒိမ်းမှုများဖြေရှင်းဆောင်ရွက်နိုင်ရေးညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲ(၂) နာရီတွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ရုံးအမှတ် ၂၃၊ နေပြည်တော်ရှိ ဝန်ကြီးရုံးစုပေါင်းခန်းမတွင်ကျင်းပရာ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ဒေါက်တာဝင်းမြတ်အေးကတက်ရောက်အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ယင်းသို့ပြောကြားရာတွင် လတ်တလောဖြစ်ပွားနေသောသက်ငယ်မုဒိန်းမှုများနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး၊ကျူးလွန်ခံရသောကလေးသူငယ်များအတွက် ကျန်းမာရေး၊စိတ်ပိုင်း၊ရုပ်ပိုင်းစောင့်ရှောက်မှုနှင့် ဥပဒေကြောင်းအရကူညီပံ့ပိုးရေးတို့ကိုထိထိရောက်ရောက်ဖြင့် အမြန်ဆုံးဖြေရှင်းနိုင်ရေးဆွေးနွေးပြောကြားခဲ့ပါသည်။            အဆိုပါညှိနှိုင်းအစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော်ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များလေ့လာဆန်းစစ်သုံးသပ်ရေးကော်မရှင်၊နေပြည်တော်ကောင်စီဝင်၊အမျိုးသားလွှတ်တော် အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီများမှ ကိုယ်စားလှယ်များ၊ ဆက်စပ်ဌာနဆိုင်ရာအဖွဲ့အစည်းများမှ အရာရှိကြီးများတက်ရောက်ခဲ့ကြပြီးညှိနှိုင်းအစည်းအဝေးတွင်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုရေးရာဖြစ်ရပ်စီမံခန့်ခွဲမှုအစီအစဉ်များ၊ပြည်ထဲရေးဝန်ကြီးဌာန၊မြန်မာနိုင်ငံရဲတပ်ဖွဲ့မှသက်ငယ်မုဒိမ်းမှု ဖြေရှင်းဆောင်ရွက်ရေးဆိုင်ရာအချက်အလက်များရှင်းလင်းတင်ပြခြင်း၊ သက်ငယ်မုဒိမ်းမှုနှင့် … Read more

  • မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် သဘာဝဘေးအသိပညာပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် (၂၆-၁၁-၂၀၁၆)ရက်နေ့တွင် မော်လမြိုင်မြို့၊ သီရိမြိုင်ရပ်ကွက်တွင် သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ နံရံကပ်ပိုစတာများနှင့် လက်ကမ်းစာဆောင်များဖြန့်ဝေမှုလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ရာ တက်ရောက်အင်အား (၂၅၀)ဦးရှိကြောင်း သတင်းရရှိပါသည်။

  • အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက် ရက်စွဲ၊ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်

    Source – DMH ၁။ ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့၊ မြန်မာစံတော်ချိန် (၁၅:ဝ၀)နာရီအချိန်တွင် မိုးလေဝသ နှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည့် အချိန်အခါမဟုတ် မိုးရွာနိုင်မည့် သတိပေးချက် (က) ယနေ့မြန်မာစံတော်ချိန်(၁၄:၃၀)နာရီအချိန် မိုးလေဝသတိုင်းထွာချက်များအရ အနောက် ဘက်မှ ရွေ့လျားလာသော လေအေးများနှင့် အရှေ့ဘက်မှ ရွေ့လျားလာသော လေနွေး များ စုဆုံမှုကြောင့် ယနေ့မွန်းလွဲမှ နောက်(၇၂)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်း ဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ … Read more

  • “သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲ” ကျင်းပပြုလုပ်မှုသတင်း

    (၂၅-၁၁-၂၀၁၆) ရက်နေ့တွင် ဧရာ၀တီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ဝဲကြီးကျေးရွာအုပ်စု၊ ဝဲကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ၌ “သဘာ၀ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆွေးနွေး ဟောပြောပွဲ” ကျင်းပပြုလုပ်ခဲ့ရာ ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တာ၀န်ရှိသူများက  သဘာဝဘေးအန္တရာယ်ဆိုင်ရာအကြောင်းအရာများနှင့်စပ်လျဉ်း၍ ဟော‌ြေပာပို့ချခဲ့ပြီး သဘာဝဘေးအသိပညာပေးလက်ကမ်းစာအုပ်များနှင့် ပိုစတာများဖြန့်ဝေပေးခဲ့သည်။ ဟောပြောပွဲသို့ ကျောင်းသား/ ကျောင်းသူ (၃၀၀) ဦး၊ ဆရာ/ဆရာမ (၂၀) ဦး၊  စုစုပေါင်း (၃၂၀) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဧရာ၀တီတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)

  • ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် သဘာဝဘေးအသိပညာပေးမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူ များသည် (၂၅-၁၁-၂၀၁၆)ရက်နေ့တွင် တောင်ကြီးမြို့၊ အထက (၈)မှ ကျောင်းသူ/သားများအား သဘာဝဘေးအသိပညာပေးဟောပြောခြင်း၊ နံရံကပ်ပိုစတာများပေးအပ်ခြင်း၊ လက်ကမ်းစာဆောင်များဖြန့်ဝေမှုလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိပါသည်။

  • သရက်မြို့နယ်တွင် ဖြစ်ပွားခဲ့သော ရေနစ်သေဆုံးမှုသတင်း

    ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်၊ ညောင်ပင်သာကျေးရွာတွင် (၁၀-၁၁-၂၀၁၆)ရက်နေ့ ကဖြစ်ပွားခဲ့သော ရေနစ်သေဆုံးခဲ့သူအတွက် ထောက်ပံ့ငွေကျပ်(၁၀၀,၀၀၀)အား သေဆုံးသူ၏ဇနီးထံသို့ (၂၅-၁၁-၂၀၁၆)ရက်နေ့တွင် သွားရောက်ထောက်ပံ့ခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events