Author Archives: RRD

  • လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန်မှ မြန်မာနိုင်ငံဆိုင်ရာ နယ်သာလန်သံအမတ်ကြီးအား လက်ခံတွေ့ဆုံ

    လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊အမြဲတမ်းအတွင်းဝန် ဦးစိုးအောင်အား မြန်မာနိုင်ငံဆိုင်ရာနယ်သာလန်သံအမတ်ကြီး H.E.Mr.Wouter Jurgens ဦးဆောင်သောအဖွဲ့မှ ယနေ့မွန်းလွဲ(၂)နာရီတွင် အဆိုပါဝန်ကြီးဌာနရှိ မေခလာခန်းမ၌ လာရောက် တွေ့ဆုံကြပါသည်။ ထိုသို့တွေ့ဆုံရာ၌ သဘာဝဘေးအန္တရာယ်ကြောင့်   ထိခိုက်ဆုံးရှုံးနိုင်‌ခြေလျော့ပါးရေး၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုလုပ်ငန်းများ၊‌ ရေအရင်းအမြစ်စီမံခန့်ခွဲမှုလုပ်ငန်းများတွင် နယ်သာလန်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မည့် အ‌ခြေအနေများ၊ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာအကူအညီများ ပေးအပ်နိုင်ရေးကိစ္စရပ်များ၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်းများ၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိဆောင်ရွက်ပေးနေသော အ‌ခြေအနေများနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

  • မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ်တွင် ကမ်းပြိုဘေးထောက်ပံ့ပြီးစီးမှုသတင်း

    မကွေးတိုင်းဒေသကြီး၊ရေနံချောင်းမြို့နယ်၊ဝက်လွတ် ကျေးရွာအုပ်စု၊ သူဌေးကုန်းကျေးရွာတွင် (၂၉-၁၁-၂၀၁၆) ရက်နေ့၌ ဧရာဝတီမြစ်ရေတိုက်စားမှုကြောင့်အိမ်ခြေ (၁)၊ အိမ်ထောင်စု (၁)၊ လူဦးရေ (၅)ဦးတို့အား အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀၀၀)၊ ဆန်ရိက္ခာဖိုး(၄၅၀၀)၊ စုစုပေါင်း(၂၄၅၀၀)ကျပ်ကို (၆-၁၂-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ရေနံချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သို့ ထောက်ပံ့ငွေများ လွှဲအပ်ခဲ့ကြောင်းသတင်းရရှိပါသည်။

  • မီးဘေးအတွက် ကယ်ဆယ်ရေးပစ္စည်းနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေထောက်ပံ့မှုသတင်း

    Source:  ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပလနကျေးရွာ နယ်မြေ-၄ တွင် (၅.၁၂.၂၀၁၆) ရက်နေ့ဖြစ်ပွားသော မီးဘေးကြောင့် ဘေးသင့် အိမ်ခြေ (၁) လုံး အိမ်ထောင်စု (၂) စုမှ လူဦးရေ (၉) ဦးတို့အတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ထောင်စု (၂) စုစာအတွက် ဆန်ရိက္ခာဖိုးငွေ (၈၁၀၀/-) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၁၀၀၀၀၀/-) ကျပ်တို့အား ကချင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် (၆.၁၂.၂၀၁၆) ရက်နေ့တွင် ကွင်းဆင်းထောက်ပံ့ပေးခဲ့ကြောင်း … Read more

Sign Up

Upcoming Events