Author Archives: RRD

  • KOBO mobile application နှင့် DAN mobile application အသုံးပြုပုံများကို ရှင်းလင်းမှုသတင်း

    (၂၂-၁၂-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံခရိုင်၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ခရိုင်ဦးစီးမှူးရုံး၌ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက သဘာဝဘေးနှင့်စပ်လျဉ်းသည့် ပုံမှန်သတင်းများနှင့် အရေးကြီးသတင်းများ၊ မိုးလေဝသသတင်းများနှင့် မြန်မာနိုင်ငံအတွင်း သဘာဝဘေးအန္တရာယ်လျော့ပါးရေး ဆောင်ရွက်ချက်သတင်းများကို အချိန်နှင့်တပြေးညီပေးပို့ခြင်း၊ ဖြစ်ပေါ်လာနိုင်သည့် ဘေးအန္တရာယ်နှင့်စပ်လျဉ်းသည့် ကြိုတင်သတိပေး Message ပေးပို့သည့်စနစ်၊ အရေးကြီးဖုန်းနံပါတ်များနှင့် သဘာဘေး ပညာပေး/လက်ကမ်းစာစောင်များ ထည့်သွင်းထားသော KOBO mobile application နှင့် DAN mobile application အသုံးပြုပုံများကို ဌာနဆိုင်ရာဝန်ထမ်းများအား ထပ်ဆင့်ရှင်းလင်းခဲ့ကြောင်း သိရှိရပါသည်။ Source: သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)

  • စစ်မှန်ပြီး လက်တွေ့ကျသော မူဝါဒဖြစ်ရေး လူငယ်များကိုယ်တိုင် ဒေသအလိုက် ရေတိုရေရှည် ဆောင်ရွက်ရမည့် ကဏ္ဍများကို ဖော်ထုတ်ရေးဆွဲမှုသတင်း

    မွေးကင်းစမှသည် သက်ကြီးရွယ်အိုအထိ လူမှုကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ခြင်း၊ သဘာဝဘေးနှင့် လူတို့ကြောင့် ဖြစ်ပေါ်သောဘေးများ လျော့ပါးရေးနှင့် ဖြစ်ပေါ် လာပါကလည်း ကြိုတင်ကာကွယ်ခြင်းနှင့် အလျင်အမြန် တုန့်ပြန်နိုင်ရေးတို့အတွက် ဆောင်ရွက်နေခြင်း သည် ပြည်သူများ လွတ်လပ်လုံခြုံစွာ နေထိုင်နိုင်ရေးအတွက်ဖြစ်ကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာ တွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှု အထူးသဖြင့် လူငယ်များ၏ အင်အားများစွာလိုအပ်ပါကြောင်း၊ စေတနာနှင့် ကိုယ်ပိုင်အချိန်ပေးပြီး ဝန်ကိုထမ်းရွက်မည့်  စေတနာ့ဝန်ထမ်းလူငယ်များကိုလည်း ကျေးဇူး တင်ရှိပါကြောင်း၊ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ စုပေါင်းခန်းမတွင် ကျင်းပပြုလုပ်သော လူမှုကာကွယ် … Read more

  • သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်မှုသတင်း

        ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မော်လိုက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၀-၁၂-၂၀၁၆) ရက်နေ့၊ နံနက် (၁၀:၃၀) နာရီအချိန်တွင် မော်လိုက်မြို့ အ.ထ.က ကျောင်းတွင် သဘာဝဘေးအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပါ သည်။ အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၃၀၀) ခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မော်လိုက်ခရိုင်ဦးစီးမှူးရုံး

  • DAN Application နှင့် သဘာဝဘေးဖြစ်ပွားမှုသတင်း အချက် အလက် များပေးပို့ခြင်းအတွက် KOBO Collect Application များ၏ အသုံးပြုပုံ/အသုံးပြုနည်းများအား ရှင်းလင်းပြောကြားမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချ ထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ၂၀-၁၂-၂၀၁၆ ရက်နေ့ နံနက်ပိုင်းတွင် အောင်သရဖူဟိုတယ်ခန်းမ၌ မိမိတို့ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ အခြေခံပညာဦးစီးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ မသန်စွမ်းအရင်းမြစ်ဌာန The Leprosy Mission Myanmar (TLMM) နှင့် ကျေးရွာဘေးအန္တရာယ်စီမံခန့်ခွဲမှုကော်မတီများမှ ကိုယ်စားလှယ်များအား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ရက် (၁၀၀) အလွန်ဆောင်ရွက်မည့် … Read more

Sign Up

Upcoming Events