Author Archives: RRD
-
ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့်ခရီးသွားလာရေးဝန်ကြီးဌာန (MLIT) နှင့် MOC ရေးထိုးထားသော မြန်မာနိုင်ငံမှ ဝန်ကြီးဌာန(၃)ခုတို့ အဆင့်မြင့်စားပွဲဝိုင်းဆွေးနွေးပွဲတစ်ရပ်ကျင်းပပြုလုပ်မှုသတင်း
နေပြည်တော်၊ ဒီဇင်ဘာလ (၂၆) ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့်ခရီးသွားလာရေးဝန်ကြီးဌာန (MLIT) သည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လူမှှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနတို့နှင့် သဘာဝဘေးစီမံခန့်ခွဲမှှုဆိုင်ရာကိစ္စရပ်များ ပူးပေါင်းဆောင်ရွက်နိုင်ရန် ပူးပေါင်းဆောင်ရွက်မှှုစာချွန်လွှာ(MOC) ရေးထိုးထားသောဝန်ကြီးဌာနဖြစ်ပါသည်။ အဆိုုပါ ဂျပန်နိုင်ငံ၊ မြေယာ၊ အခြေခံအဆောက်အဦ၊ ပို့ဆောင်ရေးနှင့်ခရီးသွားလာရေးဝန်ကြီးဌာန (MLIT) နှင့် MOC ရေးထိုးထားသော မြန်မာနိုင်ငံမှ ဝန်ကြီးဌာန (၃) ခုတို့ပူးပေါင်း၍ “ဘေးအန္တရာယ်လျော့ချရေးအတွက် အဆင့်မြင့်စားပွဲဝိုင်းဆွေးနွေးပွဲ” တစ်ရပ်ကို နေပြည်တော်၊ Hilton … Read more
-
ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာ၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာများဆွေးနွေးဟောပြောမှုသတင်း
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ သက္ကယ်ချောင်းကျေးရွာအုပ်စု၊ သက္ကယ်ချောင်းကျေးရွာရှိ ပြည်သူများ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာဗဟုသုတများရရှိစေရန်အတွက် (၂၇-၁၂-၂၀၁၆) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဦးသန်းစိုး (ညွှန်ကြားရေးမှူး)နှင့် ဝန်ထမ်းများက သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာများ ဆွေးနွေးဟောပြောပို့ချခဲ့ပါသည်။ အသိပညာပေးဆွေးနွေးပွဲသို့ ငပုတောမြို့နယ်၊ မီးသတ်ဦးစီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများနှင့် ရပ်ရွာပြည်သူလူထု စုစုပေါင်း (၁၀၅) ဦးခန့် တက်ရောက်ခဲ့ကြောင်းနှင့် ဘေး (၈) မျိုး လက်ကမ်းစာစောင်များ၊ နံရံကပ်ပိုစတာများအား ဖြန့်ဝေပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: … Read more
-
ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ ဖုန်းဆိုင်များသို့ KOBO Mobile Application နှင့် DAN Mobile Application အသုံးပြုပုံနည်းလမ်းများအား ရှင်းလင်းဖြန့်ဝေပေးမှုသတင်း
(၂၇-၁၂-၂၀၁၆) ရက်နေ့တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်မှာကြားချက်အရ ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်ရှိ ဖုန်းဆိုင်များသို့သွားရောက်ကာ KOBO Mobile Application နှင့် DAN Mobile Application အသုံးပြုပုံ အသုံးပြုနည်းများအား သွားရောက်ရှင်းပြခဲ့ပြီး ပြည်သူများထံသို့ ပြန်လည်ဝေငှပေးသွားနိုင်ရေးအတွက် တိုက်တွန်းပြောကြားခြင်းဖြင့် KOBO Mobile Application နှင့် DAN Mobile Application အသုံးပြုပုံ အသုံးပြုနည်းများအား အဆိုပါဖုန်းဆိုင်များမှတစ်ဆင့် ဖုန်းဝယ်ယူမည့် ပြည်သူများထံသို့ … Read more
-
လားရှိုးခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ချင်ကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူများအတွက် ထောက်ပံ့ပေးမှုသတင်း
(၂၇-၁၂-၂၀၁၆) ရက်နေ့တွင် လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ ခရိုင်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် နမ္မတူမြို့နယ်၊ ပန်ချင်ကျေးရွာမှ တိုက်ပွဲရှောင်ပြည်သူ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၁၀) ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုးနှင့် ဆန် (၃) ရက်စာဘိုးငွေ (၉၀၀၀) ကျပ်တိတိအား ရပ်ကွက် (၁၀) ခုသို့ သွားရောက် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: လားရှိုးခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ IDP စခန်းများဖြစ်သည့် အုန်းတောကြီးတောင်နှင့် ဆေးသမားကြီး စခန်းများမှ ပြည်သူများအတွက် ထောက်ပံ့မှုများပေးအပ်မှုသတင်း
(၂၇-၁၂-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများသည် စစ်တွေမြို့နယ်ရှိ IDP စခန်းများဖြစ်သည့် အုန်းတောကြီးတောင်နှင့် ဆေးသမားကြီးစခန်းများသို့ သွားရောက်ကာ အဆိုပါစခန်းရှိ ပြည်သူများအတွက် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနနှင့် MAUK အဖွဲ့တို့ပူးပေါင်း၍ အိမ်ထောင်စုပေါင်း (၂၅၀) စုအတွက် ဆန် (၂၅၀) အိတ် ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ရခိုင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
DAN mobile Application နှင့် Kobo mobile application အသုံးပြုပုံများနှင့်စပ်လျဉ်းသည့် ဆင့်ပွားအသိပညာပေးမှုသတင်း
(၂၇-၁၂-၂၀၁၆) ရက်နေ့တွင်စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများနှင့် သဘာဝဘေးကျရောက်ပါက ပျက်စီးဆုံးရှုံးမှုစာရင်းများအား လျင်မြန်စွာကောက်ယူနိုင်ရေးအတွက် DAN mobile Application နှင့် Kobo mobile application အသုံးပြုဆောင်ရွက်ခြင်းကို စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများထံ ဆင့်ပွားအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: စစ်ကိုင်းတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
DAN mobile Application နှင့် Kobo mobile application အသုံးပြုပုံများနှင့်စပ်လျဉ်းသည့် ဆင့်ပွားအသိပညာပေးမှုသတင်း
(၂၂-၁၂-၂၀၁၆) ရက်နေ့တွင် ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)မှ တာဝန်ရှိသူများသည် သဘာဝဘေးအန္တရာယ်ဆိုင်ရာသတင်းများနှင့် သဘာဝဘေးကျရောက်ပါက ပျက်စီးဆုံးရှုံးမှုစာရင်းများအား လျင်မြန်စွာကောက်ယူနိုင်ရေးအတွက် DAN mobile Application နှင့် Kobo mobile application အသုံးပြုဆောင်ရွက်ခြင်းကို ဌာနဆိုင်ရာများမှ တာဝန်ရှိသူများထံ ဆင့်ပွားအသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ငှက်ကြီးကွင်းကျေးရွာအုပ်စု၊ ပေါက်အိုင်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ပြုလုပ်မှုသတင်း
(၂၆-၁၂-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ်၊ ငှက်ကြီးကွင်းကျေးရွာအုပ်စု၊ ပေါက်အိုင်ကျေးရွာ၌ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောဆွေးနွေးပွဲ ပြုလုပ်ရာ ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများက သွားရောက်ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဆွေးနွေးပွဲသို့ ကျေးရွာပြည်သူ (၈၄) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
ချင်းပြည်နယ်၌ သဘာဝဘေးကြိုတင်သတိပေးစနစ်ဆောင်ရွက်မည့်လုပ်ငန်း စုံစမ်းရေးအတွက် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်မှုသတင်း
(၂၁-၁၂-၂၀၁၆) ရက်နေ့တွင် သဘာဝဘေးလျော့ပါးရေးလုပ်ငန်းဆောင်ရွက်လျက်ရှိသည့်ဌာနများဖြစ်ကြသော ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)၊ ချင်းပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာန၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်ဦးစီးဌာန၊ ပြည်နယ်လမ်းဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ Hakha Rescue Commettee(CSO)တို့မှ တာဝန်ရှိသူများနှင့် မြို့မိမြို့ဖတို့သည် ချင်းပြည်နယ်မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးဦးစီးဌာနရုံး၌ သဘာဝဘေးကြိုတင်သတိပေးစနစ်ဆောင်ရွက်မည့်လုပ်ငန်းစုံစမ်းရေးအတွက် ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: ချင်းပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း (၂/၂၀၁၆) ဖွင့်လှစ်မှုသတင်း
ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) သည် (၂၆-၁၂-၂၀၁၆) ရက်နေ့တွင် မင်္ဂလာဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်ဆင့်ပွားသင်တန်း (၂/၂၀၁၆) ကို ဖွင့်လှစ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ) မှ တိုင်းဒေသကြီးဦးစီးမှူးနှင့် မင်္ဂလာဒုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးတို့က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ အဆိုပါသင်တန်းသည် (၂၆-၁၂-၂၀၁၆) ရက်နေ့မှ (၂၈-၁၂-၂၀၁၆) ရက်နေ့ထိ (၃) ရက်ကြာဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား/သူ (၃၀) ဦးတက်ရောက်မည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး
