Author Archives: RRD
-
(၂၅-၄-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မဘေကျေးရွာအုပ်စု၊ မိချောင်းဂေါင်းကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မဘေကျေးရွာအုပ်စု၊ မိချောင်းဂေါင်းကျေးရွာရှိ အိမ်ခြေ (၈၃)လုံး၊ အိမ်ထောင်စု (၈၃)စု၊ လူဦးရေ (၃၃၄) ဦးအတွက် သောက်သုံးရေ ဂါလံ (၂၀၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၅-၄-၂၀၁၆) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကူးတို့ကျေးရွာသို့ သောက်သုံးရေ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ တနင်္သာရီတိုင်းဒေသကြီး၊ ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၆) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကူးတို့ ကျေးရွာသို့ သောက်သုံးရေဂါလံပေါင်း (၁၂၀၀) ဂါလံ ကို ဖြန့်ဝေးပေးခဲ့ကြောင်း သိရှိရပါသည်။
-
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြိုနယ် လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးမှ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်းပေးအပ်မှုသတင်း
(၂၃-၄-၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြိုနယ် လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးမှ မြစ်သားမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ပြိုလဲအိမ်ထောင်စု (၄၀) အတွက် ပစ္စည်း (၉) မျိုးနှင့် အမိုးလန်အိမ်ထောင်စု (၄၃၅) စုအတွက် ပစ္စည်း (၄) မျိုး လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
-
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးမှ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ လွှဲပြောင်းပေးအပ်မှုသတင်း
(၂၃-၄-၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြိုနယ် လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးမှ ကျောက်ဆည်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့ ပြိုလဲအိမ်ထောင်စု (၂၁) စုအတွက် ပစ္စည်း (၉) မျိုးနှင့် အမိုးလန် အိမ်ထောင်စု (၆၈၄) စုအတွက် ပစ္စည်း (၄) မျိုး လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
-
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြိုနယ် လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးမှ စဉ့်ကိုင်မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ကယ်ဆယ်ရေးပစ္စည်းများ လွှဲပြောင်းပေးအပ်မှုသတင်း
(၂၃-၄-၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကိုင်မြိုနယ် လေဘေးသင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးမှ စဉ့်ကိုင်မြို့နယ်အုပ်ချုပ်ရေးမှူးထံသို့ ပြိုလဲအိမ်ထောင်စု (၃) စုအတွက် ပစ္စည်း (၉) မျိုး နှင့် အမိုးလန် အိမ်ထောင်စု (၁၁) စုအတွက် ပစ္စည်း (၄) မျိုး လွှဲပြောင်းပေးအပ်ခဲ့ပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၂၄-၄-၂၀၁၆)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးကျေးရွာ၊ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၂၄-၄-၂၀၁၆)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးကျေးရွာ၊ လေဘေးပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ငွေကျပ် (၂၅) သိန်း၊ မိုးကာလိပ်များနှင့် Family Kit များအားလည်းကောင်း၊ ရွာခိုင်ကြီး ရဲစခန်းအတွင်း ပျက်စီးသွားသော ရဲဝန်ထမ်းမိသားစုအိမ်ရာများအတွက် ယာယီအသုံးပြုနိုင်ရန် မိုးကာတဲနှင့် မိုးကာလိပ်များအားလည်းကောင်း၊ ယာယီဝန်ထမ်းအိမ်ရာ ဆောက်လုပ်နိုင်ရေး အသင့် တပ်ဆင်အသုံးပြုနိုင်သော သံဖရိန်အဆောက်အဦ (၃) လုံးအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အသိ၊ သတိဖြင့် ဆောင်ရွက်နိုင်ရန် ဒေသခံပြည်သူများအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း … Read more
-
(၂၄-၄-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စေတီရင်းကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၄-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စေတီရင်းကျေးရွာသို့ သောက်သုံးရေ (၁၀၀၀) ဂါလံ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ရှမ်းပြည်နယ်(အရှေ့)၊ ကျိုင်းတုံမြို့နယ်၊ အမှတ် (၁)ရပ်ကွက်တွင် သောက်သုံးရေရရှိရေးဆောင်ရွက်မှုသတင်း
ရှမ်းပြည်နယ်(အရှေ့)၊ ကျိုင်းတုံမြို့နယ်၊ အမှတ် (၁)ရပ်ကွက်တွင် သောက်သုံးရေရရှိရေးအတွက် အိမ်ခြေ (၆၀)အိမ်၊ လူဦးရေ (၅၀၀)ဦးအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးမှဦးဆောင်၍ သောက်သုံးရေ ဂါလံ (၁၈၀၀)အား တာ၀န်ရှိသူများမှ (၂၄-၄-၂၀၁၆)ရက်နေ့တွင် ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
-
(၂၄-၄-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ သံတွဲခရိုင် သံတွဲမြို့နယ် သရက်ပင်ကွင်းကျေးရွာအုပ်စု၊ အောက်ရွာကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများနှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ (၂၄-၄-၂၀၁၆) ရက်နေ့(၁၂:ဝ၀)နာရီအချိန်တွင် သံတွဲခရိုင် သံတွဲမြို့နယ် သရက်ပင်ကွင်းကျေးရွာအုပ်စု၊ အောက်ရွာကျေးရွာရှိအိမ်ထောင်စု (၁၀၅) စုမှ ကျား (၁၉၁)ဦး၊ မ(၁၉၇)ဦးအတွက် သောက်သုံးရေ (၁၈၀၀)ဂါလံအား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်တွင် သောက်သုံးရေရရှိရေးဆောင်ရွက်မှုသတင်း
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ သီရိမြိုင်ရပ်ကွက်တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ သောက်ရေလီတာ (၆၀၀)နှင့် သုံးရေ ဂါလံ (၃၆၀၀)အား တာ၀န်ရှိသူများမှ (၂၄-၄-၂၀၁၆)ရက်နေ့တွင် ဖြန့်ဝေခဲ့ကြောင်း သတင်းရရှိပါသည်။
