ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၄-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မဘေကျေးရွာအုပ်စု၊ မိချောင်းဂေါင်းကျေးရွာရှိ အိမ်ခြေ (၈၃)လုံး၊ အိမ်ထောင်စု (၈၃)စု၊ လူဦးရေ (၃၃၄) ဦးအတွက် သောက်သုံးရေ ဂါလံ (၂၀၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။