လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၂၄-၄-၂၀၁၆)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးကျေးရွာ၊ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

1

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် (၂၄-၄-၂၀၁၆)ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးကျေးရွာ၊ လေဘေးပြန်လည်ထူထောင်ရေးအတွက် ထောက်ပံ့ငွေကျပ် (၂၅) သိန်း၊ မိုးကာလိပ်များနှင့် Family Kit များအားလည်းကောင်း၊ ရွာခိုင်ကြီး ရဲစခန်းအတွင်း ပျက်စီးသွားသော ရဲဝန်ထမ်းမိသားစုအိမ်ရာများအတွက်   ယာယီအသုံးပြုနိုင်ရန် မိုးကာတဲနှင့် မိုးကာလိပ်များအားလည်းကောင်း၊ ယာယီဝန်ထမ်းအိမ်ရာ ဆောက်လုပ်နိုင်ရေး အသင့် တပ်ဆင်အသုံးပြုနိုင်သော သံဖရိန်အဆောက်အဦ (၃) လုံးအားလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ပြီး သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား အသိ၊ သတိဖြင့် ဆောင်ရွက်နိုင်ရန် ဒေသခံပြည်သူများအား အသိပညာပေး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သတင်းရရှိပါသည်။

Sign Up

Upcoming Events