Author Archives: RRD
-
(၂၆-၄-၂၀၁၆) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာအုပ်စု၊ ရွှေတောင် (၂) ရပ်ကွက်ရှိ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၁၀၆) ရက်နေ့တွင် ဘားအံမြို့နယ်၊ သာမညကျေးရွာအုပ်စု၊ ရွှေတောင် (၂) ရပ်ကွက်ရှိ အိမ်ခြေ (၁၀၀) လုံးမှ လူဦးရေ (၆၀၀) ဦးအတွက် သောက်သုံးရေဂါလံ (၈၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
(၂၆-၄-၂၀၁၆) ရက်နေ့တွင် ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ သာမညကျေးရွာအုပ်စု၊ ဝိဇ္ဇာရပ်ကွက် အပိုင်း (၂) ရှိ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၁၀၆) ရက်နေ့တွင် ဘားအံမြို့နယ်၊ သာမညကျေးရွာအုပ်စု၊ ဝိဇ္ဇာရပ်ကွက် အပိုင်း (၂) ရှိ အိမ်ခြေ (၅၆) လုံးမှ လူဦးရေ (၃၅၀) ဦးအတွက် သောက်သုံးရေဂါလံ (၈၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
(၂၆-၄-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဆားတိုင်ကန်ကျေးရွာအုပ်စု၊ သပြေရိုးကျေးရွာသို့သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဆားတိုင်ကန် ကျေးရွာအုပ်စု၊ သပြေရိုးကျေးရွာရှိ ကျေးရွာနေ ပြည်သူများအတွက် သောက်သုံးရေဂါလံ (၁၆၀၀) ကိုသွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၅-၄-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သာစည်ပြင်ကျေးရွာရှိပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးအောင်ကျော်ခိုင်နှင့် တာဝန်ရှိသူများသည် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သာစည်ပြင်ကျေးရွာရှိ သောက်သုံးရေရှားပါးလျက်ရှိသော ပြည်သူများအတွက် အိမ်ထောင်စု (၁၄၆) စုအတွက် ရေ (၁၆၀၀) ဂါလန်ကို (၂၅-၄-၂၀၁၆) ရက်နေ့တွင် သွားရောက် ဖြန့်ဝေပေးခဲ့ပါသည်။
-
(၂၆-၄-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ယန်းခမ်းအထက်အခါရွာတွင် သောက်သုံးရေဂါလံ (၂၇၀၀) ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့နယ်၊ ယန်းခမ်းအထက်အခါရွာရှိ ပြည်သူများအသုံးပြုနိုင်ရန် အတွက် သောက်သုံးရေဂါလံ (၂၇၀၀)အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၆-၄-၂၀၁၆) ရက်နေ့တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ တောကြီးကျေးရွာရှိပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှကေသီမာ နှင့် တာဝန်ရှိ သူများသည် သထုံမြို့နယ်၊ တောကြီးကျေးရွာရှိ သောက်သုံးရေရှားပါးလျက်ရှိသော ပြည်သူများအတွက် ရေ (၁၂၀၀) ဂါလန်ကို (၂၆-၄-၂၀၁၆) ရက်နေ့တွင် သွားရောက် ဖြန့်ဝေပေးခဲ့ပါသည်။
-
(၂၆-၄-၂၀၁၆) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ကျွဲကူး ကျေးရွာ သို့သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၂၆-၄-၂၀၁၆) ရက်နေ့တွင် မြိတ်မြို့နယ်၊ စန္ဒဝတ်ကျေးရွာအုပ်စု ၊ ကျွဲကူးကျေးရွာ၊ ချမ်းမြေ့ သာရီ ရပ်ကွက် ၊အဏ္ဏဝါရပ်ကွက်၊ ရတနာရပ်ကွက် များသို့ ရေဂါလံ (၄၈၀၀) ကို ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန နှင့် မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ရေပေးဝေလှူဒါန်း ခဲ့ကြောင်း သိရှိရပါသည်၊၊
-
(၂၆-၄-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ရေပေါက်ချောင်းကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးသည် (၂၆-၄-၂၁၀၆) ရက်နေ့တွင် ပုဏ္ဏားကျွန်းမြို့နယ်၊ ရေပေါက်ချောင်းကျေးရွာသို့ သွားရောက်ကာ သောက်သုံးရေဂါလံ (၁၀၀၀) အား အဆိုပါကျေးရွာအတွင်းရှိ ပြည်သူများအတွက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၅-၄-၂၀၁၆) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၊ အေးရိပ်ငြိမ်ရပ်ကွက်နှင့် ရွှေဇင်ယော်ရပ်ကွက်များတွင် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများနှင့် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍ (၂၅-၄-၂၀၁၆) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး ၊ ကော့သောင်းမြို့နယ်၊ ရွှေပြည်သာရပ်ကွက်၊ အေးရိပ်ငြိမ်ရပ်ကွက်နှင့် ရွှေဇင်ယော်ရပ်ကွက်များရှိ ပြည်သူများအတွက် သောက်သုံးရေ ဂါလံ (၉၆၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၅-၄-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့၌ သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်း ဖွင့်လှစ်မှုပို့ချမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ဦးဆောင်မှုဖြင့် (၂၅-၄-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့၌ သဘာဝ ဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များအတွက် “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁) ” အား ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာများမှ စေတနာ့ဝန်ထမ်းလူငယ်သင်တန်းသား/ သူ (၃၀) ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ (၃) ရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။ Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
