လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာန သထုံခရိုင်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှကေသီမာ နှင့် တာဝန်ရှိ သူများသည် သထုံမြို့နယ်၊ တောကြီးကျေးရွာရှိ သောက်သုံးရေရှားပါးလျက်ရှိသော ပြည်သူများအတွက် ရေ (၁၂၀၀) ဂါလန်ကို (၂၆-၄-၂၀၁၆) ရက်နေ့တွင် သွားရောက် ဖြန့်ဝေပေးခဲ့ပါသည်။