ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး၏ ဦးဆောင်မှုဖြင့် (၂၅-၄-၂၀၁၆) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့၌ သဘာဝ ဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ်များအတွက် “သဘာဝဘေးလျော့ပါးရေးစေတနာ့ဝန်ထမ်းလူငယ် (ဆင့်ပွား) သင်တန်းအမှတ်စဉ် (၁) ” အား ဖွင့်လှစ်ခဲ့ပါသည်။ အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ ကျေးရွာများမှ စေတနာ့ဝန်ထမ်းလူငယ်သင်တန်းသား/ သူ (၃၀) ဦးတက်ရောက်မည်ဖြစ်ပြီး သင်တန်းကာလမှာ (၃) ရက်ခန့် ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရပါသည်။
Source: ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)