Author Archives: RRD
-
(၂၇-၄-၂၀၁၆) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဒီမောဆိုးမြို့နယ်၊ ဒေါရောက်ခူကျေးရွာအုပ်စု၊ ဒေါရောက်ခူ (တောင်) ကျေးရွာရှိပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ ကယားပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၆) ရက်နေ့တွင် လွိုင်ကော်ခရိုင်၊ ဒီမောဆိုးမြို့နယ်၊ ဒေါရောက်ခူကျေးရွာအုပ်စု၊ ဒေါရောက်ခူ (တောင်) ကျေးရွာရှိပြည်သူများအတွက် ရေဂါလန် (၂၇၇၅) အား သွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။
-
(၂၇-၄-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ ပိတ္တာလေးကျေးရွာ၌ “သဘာဝဘေးအသိပညာပေးဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြောင်းမြခရိုင်ဦးစီးမှူးရုံးမှ (၂၇-၄-၂၀၁၆) ရက်နေ့တွင် မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကျုံမငေးမြို့၊ ပိတ္တာလေးကျေးရွာ၌ “သဘာဝဘေးအသိပညာပေးဆွေးနွေးပွဲ” ကျင်းပပြုလုပ်ရာ အဆိုပါဆွေးနွေးပွဲသို့ ကျေးရွာနေပြည်သူ (၁၁၄) ဦးတက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
(၂၇-၄-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကျောက်တန်းကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ကျောက်တန်းကျေးရွာရှိ အိမ်ခြေ (၁၂၆)လုံး၊ အိမ်ထောင်စု (၁၃၀)စု၊ လူဦးရေ (၇၄၆)ဦးတို့အတွက် သောက်သုံးရေ ဂါလံ (၃၂၀၀) အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
“အယ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များနှင့်စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်မှုသတင်း
(၂၆-၄-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၌ ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနတို့ပူးပေါင်း၍ “အယ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များနှင့်စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲ” ကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါမြို့နယ်ရှိ ပြည်သူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် တက်ရောက်လာကြသည့် ပြည်သူများထံသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
(၂၇.၄.၂၀၁၆ ) ရက်နေ့ တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့တွင် သဘာဝဘေးအန္တရာယ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပမှုသတင်း
(၂၇.၄.၂၀၁၆ ) ရက်နေ့တွင် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်း ဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာ မြို့၊ သာသနာ့သောဘဏိကာရုံ (ပင်းတလဲ) ဘုန်းတော်ကြီးကျောင်း၊ သာသနဉာဏိန္ဒာရာ မဓမ္မဗိမာန်တော်ကြီးတွင် သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ရာ လူ့ဦးရေ (၂၅၅) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
(၂၇-၄-၂၀၁၆) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ ချောင်းဝပြင်ကျေးရွာသို့ သောက်ရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ (၂၇-၄-၂၀၁၆) ရက်နေ့တွင် မြိတ်မြို့နယ်၊ တုံးဗျောကျေးရွာအုပ်စု၊ ချောင်းဝပြင်ကျေးရွာရှိ အိမ်ခြေ (၉၇) အိမ်ထောင်စု (၁၀၆) စုမှ လူဦးရေ (၅၃၉) ဦးအတွက် သောက်ရေဂါလံ (၂၄၀၀) အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
(၂၇-၄-၂၀၁၆) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၄-၂၀၁၆) ရက်နေ့တွင် တနင်္သာရီတိုင်း ဒေသကြီး၊ သရက်ချောင်းမြို့ နယ်၊ ညောင်ဇင်ကျေးရွာရှိ ပြည်သူများအတွက် သောက်သုံးရေ ဂါလံ (၁၁၀၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၆-၄-၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ်၊ အောင်စည်သာယာကျေးရွာသို့ သောက်ရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးမှ (၂၆-၄-၂၀၁၆) ရက်နေ့တွင် ရမ်းဗြဲမြို့နယ်၊ အောင်စည်သာယာကျေးရွာသို့ သွားရောက်ကာ သောက်ရေ ဂါလံ (၈၀၀) ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကျောက်ဖြူခရိုင်ဦးစီးမှူးရုံး (ကဆရ)
-
မုတ်ဆိတ်ကွင်းကျေးရွာတွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးမှုအခြေအနေသတင်း
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ မုတ်ဆိတ်ကွင်းကျေးရွာတွင် (၂၅-၄-၂၀၁၆) ရက်နေ့ (၁၈:၀၀) နာရီချိန်၌ လေပြင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၄) လုံးပျက်စီးဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၃) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါ လေဘေးသင့်ပြည်သူများ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် အိမ်ထောင်စု (၄) စုအတွက် တန်ဖိုးငွေ (၈၈၂၆၄/-) ရှိ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဘိုး … Read more
-
မြန်မာနိုင်ငံအတွင်း ၂၀၁၆ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့မှစ၍ (၂၅-၄-၂၀၁၆) ရက်နေ့ထိ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေကျခြင်းများကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေဇယားချုပ်
မြန်မာနိုင်ငံအတွင်း ၂၀၁၆ခုနှစ်၊ ဧပြီလ (၂၁) ရက်နေ့မှစ၍ (၂၅-၄-၂၀၁၆) ရက်နေ့ထိ ဖြစ်ပွားခဲ့သော လေပြင်းတိုက်ခတ်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်း၊ မိုးသီးကြွေကျခြင်းများကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေဇယားချုပ်ကို အောက်ပါဇယားတွင် လေ့လာနိုင်ပါသည်- ၂၀၁၆ခုနှစ်၊ ဧပြီလ(၂၁)နေ့မှစ၍ (၂၅-၄-၂၀၁၆) ရက်နေ့ထိ ပျက်စီးဆုံးရှုံးမှုအခြေအနေဇယားချုပ်
