မုတ်ဆိတ်ကွင်းကျေးရွာတွင် လေပြင်းတိုက်ခတ်ခြင်းကြောင့် လေဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ပေးမှုအခြေအနေသတင်း

f-2

မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်၊ ညောင်ပင်ကွင်းကျေးရွာအုပ်စု၊ မုတ်ဆိတ်ကွင်းကျေးရွာတွင် (၂၅-၄-၂၀၁၆) ရက်နေ့ (၁၈:၀၀) နာရီချိန်၌ လေပြင်း တိုက်ခတ်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ (၄) လုံးပျက်စီးဆုံးရှုံးခဲ့ပြီး၊ အိမ်ထောင်စု (၄) စုမှ လူဦးရေ (၂၃) ဦး ဘေးဒုက္ခကြုံတွေ့ခဲ့ပါသည်။ အဆိုပါ လေဘေးသင့်ပြည်သူများ အတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူး ရုံးမှ တာဝန်ရှိသူများသည် အိမ်ထောင်စု (၄) စုအတွက် တန်ဖိုးငွေ (၈၈၂၆၄/-) ရှိ ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ အိမ်ဆောက်ပစ္စည်းဘိုး (၂) သိန်းနှင့်ဆန် ရိက္ခာ (၃) ရက်စာတို့အား (၂၆-၄-၂၀၁၆) ရက်နေ့တွင် သွားရောက်ထောက်ပံ့ပေးခဲ့ပါသည်။

 

Sign Up

Upcoming Events