(၂၆-၄-၂၀၁၆) ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျောက်မဲမြို့နယ်၌ ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ) နှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာနတို့ပူးပေါင်း၍ “အယ်နီညိုဖြစ်စဉ်ကြောင့် ရာသီဥတုပြောင်းလဲလာမှုနှင့်အတူ သဘာဝဘေးအန္တရာယ်နှင့် ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန်အချက်များနှင့်စပ်လျဉ်းသည့် အသိပညာပေးဟောပြောပွဲ” ကို ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါမြို့နယ်ရှိ ပြည်သူများနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်းနှင့် တက်ရောက်လာကြသည့် ပြည်သူများထံသို့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
Source: ကျောက်မဲခရိုင်ဦးစီးမှူးရုံး (ကဆရ)