Author Archives: RRD
-
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ဇီးချောင်းကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထပ်မံထောက်ပံ့ပေးမှုအခြေအနေသတင်း
(၂၈-၄-၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးမှ (၂၂-၄-၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ဇီးချောင်းကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် အိမ်ခြေ (၂၀၇) လုံးအတွက် တစ်အိမ်ထောင်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) နှုန်းဖြင့် ့စုစုပေါင်း ငွေကျပ် (၁၀၃၅၀၀၀၀) ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ထပ်မံထောက်ပံ့ပေးအပ်ခဲ့ပြီး ဘေးဖြစ်ပွားခဲ့သည့် ဇီးချောင်းကျေးရွာသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။ Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
(၂၉-၄-၂၀၁၆) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်မြို့နယ်၊ ကနိုင်းတာကျေးရွာနှင့် သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာရှိပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီး ဌာန၊ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ထား၀ယ်မြို့နယ်၊ ကနိုင်းတာကျေးရွာရှိပြည်သူများ အတွက် ရေ (၁၁၀၀) ဂါလန်စီ၊ စုစုပေါင်း ရေဂါလန် (၂၄၀၀) အား (၂၉-၄-၂၀၁၆) ရက်နေ့တွင် သွားရောက် ဖြန့်ဝေပေးခဲ့ပါ သည်။
-
(၂၉-၄-၂၀၁၆) ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု၊ အိုးဘိုကုန်းကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများလိုက်ပါလျက် (၂၉-၄-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု၊ အိုးဘိုကုန်းကျေးရွာရှိ နေအိမ်(၁၈၀)လုံး၊ လူဦးရေ(၆၀၀)ခန် ့အတွက် တာပေါ်လင်(၆×၈)ကိုက်(၁)စဖြင့် (၁၂×၁၀×၃.၅)ပေ ယာယီရေလှောင်ကန်ပြုလုပ်ပေးခဲ့ပြီး (၈)ဂါလံဆံ့ ရေပုံးကြီး(၅၀)ပုံးဖြင့် ရေဂါလံ(၄၀၀)၊ မီးသတ်ယာဉ်ဖြင့် ရေဂါလံ(၁၆၀၀)၊ စုစုပေါင်းသောက်သုံးရေဂါလံ(၂၀၀၀)အားဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၆.၄.၂၀၁၆) ရက်နေ့တွင်ကျိုင်းတုံမြို့နယ်၊စွန်မွန်းရပ်ကွက်တွင် ကျိုင်းတုံခရိုင်ဦးစီးမူးရုံးမှ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကျိုင်းတုံခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၄-၂၀၁၆) ရက်နေ့တွင် ကျိုင်းတုံမြို့နယ်၊ စွန်မွန်းရပ်ကွက်ရှိ အိမ်ခြေ၈၅၊ လူဦးရေ ၆၂၅ ဦးအတွက် သောက်သုံးရေဂါလံ (၉၀၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၉-၄-၂၀၁၆) ရက်နေ့တွင် ပေါက်မြို့နယ်၊ကိုင်းလယ်အုပ်စု၊သက်ကယ်ချောင်းကျေးရွာသို့ ရေဂါလံပေါင်း (၁၈၀၀) ဂါလံ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၉-၄-၂၀၁၆) ရက်နေ့တွင် ပေါက်မြို့နယ်၊ကိုင်းလယ်အုပ်စု၊သက်ကယ်ချောင်းကျေးရွာ မှအိမ်ထောင်စု(၅၇)စု၊လူဦးရေ(၃၃၀)အတွက် ရေဂါလံပေါင်း (၁၈၀၀) ဂါလံကို ဖြန့်ဝေးပေးခဲ့ကြောင်း သိရှိရပါသည်။
-
လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ သပြုကုန်းကျေးရွာတွင်အဝီစိရေတွင်းတူးရန် လပွတ္တာခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများနှင့်အလှူရှင်များ ပူးပေါင်း၍ကွင်းဆင်းလေ့လာမှုသတင်း
ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ လပွတ္တာခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၇.၄.၂၀၁၆) နှင့် (၂၈.၄.၂၀၁၆) နေ့တို့တွင် လပွတ္တာခရိုင်ဦးစီးမှူး၊ကျေးလက်ဖွံ့ဖြိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူး ၊သပြုကုန်းကျေးရွာအုပ်စု ဥက္ကဋ္ဌ ၊မြို့နယ်ဖွံ့ထောက်ကော်မတီဥက္ကဋ္ဌ နှင့် အဝီစိတွင်းအလှူရှင် (တက်ကြွလူငယ်များအဖွဲ့) တို့သည် လပွတ္တာမြို့နယ်၊ သပြုကုန်းကျေးရွာအုပ်စု၊ သပြုကုန်းကျေးရွာရှိ အိမ်ခြေ ၂၅၀၊လူဦးရေ ၁၃၅၀ အတွက် အဝီစိတွင်းတူးဖော်ပေးရန် ကွင်းဆင်းလေ့လာခဲ့ ကြောင်းသိရှိပါသည်၊၊
-
(၂၈ ၄ ၂၀၁၆ )ရက်နေ့ တွင်ကော့သောင်းမြို့ ၊ရွှေဟင်္သာရပ်ကွက်၊ ရွှေပြည်သာရပ်ကွက်နှင့် အောင်သုခရပ်ကွက်များ သို့သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးနှင့် ကျေးလက်ဦးစီးဌာနမှ တာဝန်ရှိသူများပူးပေါင်း၍(၂၈.၄.၂၀၁၆) ရက်နေ့တွင် ကော့သောင်းမြို့၊ရွှေဟင်္သာရပ်ကွက် ၊ရွှေပြည်သာရပ်ကွက်နှင့် အောင်သုခရပ်ကွက်များသို့ ရေဂါလံ(၃၆၀၀)ဂါလံ နှင့် သောက်ရေ လီတာ( ၂၀၀၀ ) ရေသန့် အား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၈ ၄ ၂၀၁၆ )ရက်နေ့မြိတ်ခရိုင်ဦးစီးမှူးရုံးမှ မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာသို့သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၈.၄.၂၀၁၆) ရက်နေ့တွင်မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာအုပ်စု ၊ရွာသစ်ကျေးရွာသို့ ရေဂါလံ(၁၂၀၀)ဂါလံအား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၈.၄.၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သာစည်ပြင်ကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် (၂၈.၄.၂၀၁၆) ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်၊ သာစည်ပြင်ကျေးရွာ သို့ ရေဂါလံ(၁၂၀၀)ဂါလံအား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၂၈.၄.၂၀၁၆) ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊လှည်းဆပ်ကျေးရွာအုပ်စု၊အောင်းကြီးကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ပဲခူးတိုင်းဒေသကြီး ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည်( ၂၈.၄.၂၀၁၆ )ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီး ၊ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊လှည်းဆပ်ကျေးရွာအုပ်စု၊အောင်းကြီးကျေးရွာသို့ ရေဂါလံ(၁၃၅၂)ဂါလံအား သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
