(၂၈-၄-၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးမှူးရုံးမှ (၂၂-၄-၂၀၁၆) ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ဇီးချောင်းကျေးရွာ၌ လေပြင်းတိုက်ခတ်မှုကြောင့် ပြိုလဲခဲ့သည့် အိမ်ခြေ (၂၀၇) လုံးအတွက် တစ်အိမ်ထောင်စုလျှင် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၅၀၀၀၀) နှုန်းဖြင့် ့စုစုပေါင်း ငွေကျပ် (၁၀၃၅၀၀၀၀) ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် ထပ်မံထောက်ပံ့ပေးအပ်ခဲ့ပြီး ဘေးဖြစ်ပွားခဲ့သည့် ဇီးချောင်းကျေးရွာသို့ ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရှိရပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)