(၂၉-၄-၂၀၁၆) ဧရာဝတီတိုင်းဒေသကြီး ၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု၊ အိုးဘိုကုန်းကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

29-

ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးဦးစီးမှူးရုံးမှတာဝန်ရှိသူများနှင့်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများလိုက်ပါလျက် (၂၉-၄-၂၀၁၆) ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်၊ ရှောပြာကျေးရွာအုပ်စု၊ အိုးဘိုကုန်းကျေးရွာရှိ နေအိမ်(၁၈၀)လုံး၊ လူဦးရေ(၆၀၀)ခန် ့အတွက် တာပေါ်လင်(၆×၈)ကိုက်(၁)စဖြင့် (၁၂×၁၀×၃.၅)ပေ ယာယီရေလှောင်ကန်ပြုလုပ်ပေးခဲ့ပြီး (၈)ဂါလံဆံ့ ရေပုံးကြီး(၅၀)ပုံးဖြင့် ရေဂါလံ(၄၀၀)၊ မီးသတ်ယာဉ်ဖြင့် ရေဂါလံ(၁၆၀၀)၊ စုစုပေါင်းသောက်သုံးရေဂါလံ(၂၀၀၀)အားဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

Sign Up

Upcoming Events