Author Archives: RRD
-
(၅-၅-၂၀၁၆) ရက်နေ့တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါဆော်ဘီးကျေးရွာ၌ “သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးပွဲ” ကျင်းပပြုလုပ်မှုသတင်း
(၅-၅-၂၀၁၆) ရက်နေ့တွင် ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ) မှ တာဝန်ရှိသူများသည် လွိုင်ကော်မြို့နယ်၊ ချိကယ်ကျေးရွာအုပ်စု၊ ဒေါဆော်ဘီးကျေးရွာ၌ “သဘာဝဘေးအသိပညာပေးဟောပြောဆွေးနွေးပွဲ” ကျင်းပပြုလုပ်ရာ ကျေးရွာနေပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။ Source: ကယားပြည်နယ်ဦးစီးမှူးရုံး (ကဆရ)
-
မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာ၊ ကံဦးကျေးရွာနှင့် အင်ကြင်းကျေးရွာ လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုအခြေအနေသတင်း
(၄-၅-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာ၊ ကံဦးကျေးရွာနှင့် အင်ကြင်းကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၃) လုံးပျက်စီးခဲ့သည့်အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အဆိုပါအိမ်ခြေ (၃) လုံးမှ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၃) အိမ်ထောင်စာကို (၅-၅-၂၀၁၆) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။ Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)
-
ပဲခူးတိုင်းဒေသကြီး၊ သနပ်ပင်မြို့နယ်၊ ကုလားချောင်းကျေးရွာနေ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာန၊ပဲခူးတိုင်းဒေသ ကြီးဦးစီးမှူးရုံးမှ တာဝန်ရှိ သူများသည် (၅-၅-၂၀၁၆) ရက်နေ့တွင် သနပ်ပင်မြို့ နယ်၊ ကုလားချောင်း ကျေးရွာရှိ အိမ်ခြေ (၁၁၀၂)၊ လူဦးရေ (၆၇၇၉) ဦးအတွက် သောက်သုံးရေ ဂါလံ (၁၅၀၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
(၅-၅-၂၀၁၆ ) မွန်ပြည်နယ် ၊ သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာ၊ ကွက်သစ်ပိုင်းသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မွန်ပြည်နယ်၊သထုံခရိုင်ဦးစီးမှူးရုံး မှတာဝန်ရှိသူများ သည်(၅-၅-၂၀၁၆ ) ရက်နေ့တွင် မွန်ပြည်နယ် ၊ သထုံမြို့နယ်၊ ဒေးဗရိန်းကျေးရွာ၊ ကွက်သစ်ပိုင်းသို့ သောက်သုံးရေဂါလံ(၁၂၀၀)အားဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၅-၅-၂၀၁၆ ) ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စုနှင့် ဆင်ကျုံးကျေးရွာသို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ကရင်ပြည်နယ်ဦးစီးမှူးရုံး မှတာဝန်ရှိသူများသည် (၅-၅-၂၀၁၆ ) ရက်နေ့တွင် ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်၊ ပန်းကုန်းကျေးရွာအုပ်စုနှင့် ဆင်ကျုံးကျေးရွာတို့ရှိ အိမ်ခြေ(၃၅၅)လုံး၊အိမ်ထောင်စု(၃၇၁)စု၊လူဦးရေ(၁၁၇၅)ဦးတို့အတွက်သောက်သုံးရေဂါလံ(၂၄၀၀)အားဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၅-၅-၂၀၁၆ )ရက်နေ့တွင် ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်၊ ကော့ရင်းအောက်ကျေးရွာ၊ စိမ့်ပိုင်းကျေးရွာအုပ်စုနှင့် ရွာကြီးပိုင်းလမ်းသစ်အုပ်စု သို့ သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ကရင်ပြည် နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများ သည်(၅-၅-၂၀၁၆ ) ရက်နေ့တွင် ကရင်ပြည်နယ် ၊ ဘားအံမြို့နယ်၊ ကော့ရင်းအောက်ကျေးရွာ၊ စိမ့်ပိုင်း ကျေးရွာအုပ်စု နှင့် ရွာကြီးပိုင်း လမ်းသစ်အုပ်စုရှိ အိမ်ထောင်စု (၂၇၀)စု၊ လူဦးရေ(၁၃၅၀)ဦး တို့ အတွက် သောက်သုံးရေဂါလံ (၁၆၀၀) အား ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
တနင်္သာရီတိုင်းဒေသကြီး၊သရက်ချောင်းမြို့နယ်ရှိ မီးဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ထောက်ပံ့မှုအခြေအနေ သတင်း
(၄.၅.၂၀၁၆) ရက်နေ့တွင် တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ( ၂၇-၄-၂၀၁၆) ရက်နေ့တွင် ဖြစ်ပွားသော မီးဘေးကြောင့် သရက်ချောင်းမြို့နယ် ရှိမီးဘေးသင့်ပြည်သူများအတွက် အိမ်ထောင်စု (၁) စုစာအတွက် ကယ်ဆယ်ရေးပစ္စည်း (၉) မျိုး၊ ဆန်ဖိုးနှင့် အိမ်ဆောက်ပစ္စည်းဖိုးငွေ စုစုပေါင်း (၅၃၆၀၀) ကျပ်ကို သရက် ချောင်းမြို့ နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။ Source: တနင်္သာရီတိုင်း ဒေသကြီးဦးစီးမှူးရုံး(ကဆရ)
-
ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်၊ ရွှေတဆုပ်ကျေးရွာနေ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ ပဲခူးတိုင်းဒေသကြဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄-၅-၂၀၁၆) ရက်နေ့တွင် ကဝမြို့နယ်၊ ရွှေတ ဆုပ်ကျေးရွာရှိ အိမ်ခြေ ၂၃၅၊ လူဦးရေ ၁၁၆၀ ဦးအတွက် သောက်သုံးရေ ဂါလံ (၁၅၀၀) ကို တတိယအကြိမ် ထပ်မံသွားရောက် ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး အား UN-Habitat အဖွဲ့အစည်းနှင့် ဥရောပသမဂ္ဂအဖွဲ့အစည်းတို့မှ လာရောက်တွေ့ဆုံမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ ၄ ရက်နေ့၊ နေ့လည် (၁၃:၀၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား UN-Habitat မှ Country Programme Manager ဖြစ်သူ Mr.Bijay Karmacharya ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ရပ်ရွာအခြေပြုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးခြင်းကိစ္စရပ်များကို လည်းကောင်း၊ ဘေးအန္တရာယ် ဖြစ်ပွားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပြင် တည်ဆောက်ရေးကိစ္စရပ်များတွင် လမ်းညွှန်အသုံးပြုနိုင် ရန်အတွက် Myanmar National Building Code ကို ကျယ်ပြန့်စွာနားလည်သိရှိစေရေး ပူးပေါင်းဆောင်ရွက်ခြင်း … Read more
-
ရခိုင်ပြည်နယ်၊ ပေါက်တောမြို့နှင့် မြေပုံမြို့တို့၌ “မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခန်း” ပြုလုပ်မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံးသည် ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ (၂၆-၄-၂၀၁၆) ရက်နေ့တွင် ပေါက်တောမြို့၌လည်းကောင်း၊ (၂၈-၄-၂၀၁၆) ရက်နေ့တွင် မြေပုံမြို့၌လည်းကောင်း “မုန်တိုင်းဇာတ်တိုက်လေ့ကျင့်ခန်း” ကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
