လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာဝင်းမြတ်အေး အား UN-Habitat အဖွဲ့အစည်းနှင့် ဥရောပသမဂ္ဂအဖွဲ့အစည်းတို့မှ လာရောက်တွေ့ဆုံမှုသတင်း

2

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ မေခလာခန်းမတွင် မေလ ၄ ရက်နေ့‌၊ နေ့လည် (၁၃:၀၀) နာရီအချိန်က ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဝင်းမြတ်အေး အား UN-Habitat မှ Country Programme Manager ဖြစ်သူ Mr.Bijay Karmacharya ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ရပ်ရွာအခြေပြုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူညီပေးခြင်းကိစ္စရပ်များကို လည်းကောင်း၊ ဘေးအန္တရာယ် ဖြစ်ပွားပြီး ပြန်လည်ထူထောင်ရေးလုပ်ငန်းများအပြင် တည်ဆောက်ရေးကိစ္စရပ်များတွင် လမ်းညွှန်အသုံးပြုနိုင် ရန်အတွက် Myanmar National Building Code ကို ကျယ်ပြန့်စွာနားလည်သိရှိစေရေး ပူးပေါင်းဆောင်ရွက်ခြင်း ဆိုင်ရာလုပ်ငန်းများတွင်လည်းကောင်း၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ စွမ်းဆောင်ရည် မြှင့်တင်ရေးသင်တန်းများ ပံ့ပိုးနိုင်ရေးစပ်လျဉ်း၍လည်းကောင်း၊ သဘာဝ‌ဘေးအန္တရာယ် စီမံခန့်ခွဲမှု သင်တန်းကျောင်းတွင် သင်ခန်းစာများ၊ နည်းပြများ အား ကူညီပေးခြင်း ဆိုင်ရာကိစ္စရပ်များ၊ ရက်  ( ၁၀၀ ) စီမံချက်အတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များ နှင့်စပ်လျဉ်း၍ လည်းကောင်း၊ ပြည်တွင်း / ပြည်ပ အဖွဲ့အစည်းများနှင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းများတွင် ညှိနှိုင်းပူးပေါင်းဆောင်ရွက်ရေး ကိစ္စနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ရှင်းလင်းဆွေးနွေးခဲ့ကြပါသည်။

အလားတူ ‌နေ့လည် (၁၄:၀၀) နာရီအချိန်တွင် ပြည်ထောင်စုဝန်ကြီးအား ဥရောပသမဂ္ဂအဖွဲ့ရုံး၊ရန်ကုန်မြို့မှ Head of Unit in the Directorate General for Humanitarian Aid and Civil Protection EU Commission ြဖစ်သူ Mr. Cees Wittebrood ဦးဆောင်သောအဖွဲ့မှ လာရောက်တွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာ၌ ဥရောပ သမဂ္ဂရုံးနှင့် ပူးပေါင်းဆောင်ရွက်သည့်ကိစ္စများဖြစ်‌သော ရခိုင်ပြည်နယ်ရှိ နေရပ်စွန့်ခွါ ရွှေ့ပြောင်းနေထိုင်ရသူများ၏ လူသားချင်းစာနာ ထောက်ထားမှု အကူအညီများ ပံ့ပိုးပေးခြင်း ကိစ္စရပ်များ၊  အရေးပေါ်အခြေအနေ    စီမံခန့်ခွဲမှုဗဟိုဌာနတွင်  လိုအပ်နေ သည့် နည်းပညာဆိုင်ရာများပံ့ပိုးပေးခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မားရန် သင်တန်း များပေး ခြင်းဆိုင်ရာကိစ္စရပ်များ၊ ဥရောပသမဂ္ဂနှင့်ကုလသမဂ္ဂအဖွဲ့အစည်းများ၊ INGO များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းကိစ္စများ၊ မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆိုင်ရာ လက်ကမ်းစာစောင်များအား နိုင်ငံခြားခရီးသွားဧည့်သည်များ ကို အသိပညာပေးနိုင်ရေးကိစ္စရပ်များ၊ ရက် (၁၀၀) စီမံချက်အတွင်း အကောင်အထည်ဖော်မည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပါသည်။

Sign Up

Upcoming Events