(၄-၅-၂၀၁၆) ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ဂျုပ်ကုန်းကျေးရွာ၊ ကံဦးကျေးရွာနှင့် အင်ကြင်းကျေးရွာတို့၌ လေပြင်းတိုက်ခတ်မှုဖြစ်ပွားခဲ့ရာ အိမ်ခြေ (၃) လုံးပျက်စီးခဲ့သည့်အတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ အဆိုပါအိမ်ခြေ (၃) လုံးမှ အိမ်ထောင်စု (၃) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုး (၃) အိမ်ထောင်စာကို (၅-၅-၂၀၁၆) ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှတဆင့် ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း သိရှိရပါသည်။
Source: မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံး (ကဆရ)