Author Archives: RRD
-
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ကန်နီပေါက်ကျေးရွာနေ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၃-၅-၂၀၁၆) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ ကန်နီပေါက်ကျေးရွာရှိ အိမ်ထောင်စု (၃၀၅) စု၊ လူဦးရေ (၁၂၅၆) ဦးအတွက် သောက်သုံးရေ ဂါလန် (၁၃၀၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ စံပြကျေးရွာနေ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ညောင်ဦးခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၂-၅-၂၀၁၆) ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေး ရွာအုပ်စု၊ စံပြကျေးရွာရှိ အိမ်ထောင်စု (၇၄) စု၊ လူဦးရေ (၃၈၄) ဦးအတွက် သောက်သုံး ရေ ဂါလံ (၁၂၀၀) ကို သွားရောက်ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ညောင်ဦးခရိုင်ဦးစီးမှူးရုံး(ကဆရ)
-
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ အခြာကလေးကျေးရွာအုပ်စု၊ မြစ်တန်းကျေးရွာရှိ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ ဖျာပုံခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ သည် (၁၂-၅-၂၀၁၆) ရက်နေ့တွင် ဖျာပုံမြို့နယ်၊ အခြာကလေး ကျေးရွာအုပ်စု၊ မြစ်တန်းကျေးရွာ နေပြည်သူများအတွက် သောက် သုံးရေဂါလန် (၅၀၀) ကိုသွား ရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်းရှိ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ တနင်္သာရီတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၅-၂၀၁၆) ရက်နေ့တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအတွင်းရှိ ပြည်သူများအတွက် သောက်သုံးရေ ရေသန့်ကား (၂) စီး၊ ဂါလန် (၁၂၀၀) ကို သွားရောက်ဖြန့်ဝေ ပေးခဲ့ကြောင်း သိရှိရပါသည်။
-
(၁၂-၅-၂၀၁၆ ) ရက်နေ့တွင် သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းတုန်းမြို့နယ်၊ လက်ပွရွာ၊ မှိုက်ရွာ၊ သရက်အုပ်ရွာ၊ ရွာပုလဲရွာနှင့် လယ်ရဲရွာတို့တွင်ဖြစ်ပွားခဲ့သော လေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သရက်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀-၅-၂၀၁၆ ) ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ လက်ပွရွာ၊ မှိုက်ရွာ၊ သရက်အုပ်ရွာ၊ ရွာပုလဲရွာနှင့် လယ်ရဲရွာတို့တွင်ဖြစ်ပွားခဲ့သော လေဘေး သင့်အိမ်ထောင်စု (၉) စုအတွက် ကယ်ဆယ်ရေးပစ္စည်း (၄) မျိုးအား (၁၂-၅-၂၀၁၆ ) ရက်နေ့တွင် မင်းတုန်းမြို့နယ်၊ ထွေ/အုပ်မှ တာဝန်ရှိသူတစ်ဦးအား လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရပါသည်။
-
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် စက်ရေတွင်းတူးဖော်ရန်ကွင်းဆင်းဆောင်ရွက်မှုသတင်း
မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် သောက်သုံးရေရှားပါးမှုအတွက် စက်ရေတွင်း တူးဖော်ပေးနိုင်ရန် တင်ပြလာမှုအပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးဦးဆောင်သည့်အဖွဲ့သည် (၁၂-၅-၂၀၁၆)ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက် ခဲ့ပါသည်။
-
ရမည်းသင်းမြို့နယ်များမှ လေဘေးသင့်ပြည်သူများအတွက် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ထောက်ပံ့မှုသတင်း
(၁၀-၅-၁၆) ရက်နေ့တွင် သာစည်မြို့၊ ပျော်ဘွယ် မြို့နှင့် ရမည်းသင်းမြို့နယ် များရှိ လေဘေးသင့်ပြည် သူများအတွက် ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် သာစည်မြို့နယ်ရှိ ပြိုကျအိမ် (၈) လုံး၊ အမိုးလန်အိမ် (၁၈၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းတန်ဖိုးငွေ စုစုပေါင်း (၄၀၆၀,၀၀၀) ကျပ်၊ ပျော်ဘွယ်မြို့ရှိ ပြိုကျအိမ် (၈) လုံး၊ အမိုးလန်အိမ် (၂၃ ) လုံးနှင့် သေဆုံးသူ (၁) ဦးအတွက် … Read more
-
(၁၁-၅-၂၀၁၆ )ရက်နေ့တွင် ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင် ရုံးမှတာဝန်ရှိသူများသည် နမ္မတူမြို့နယ် လေဘေးသင့်ပြည်သူများ အတွက် ထောက်ပံ့မှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ရှမ်းပြည်နယ်၊ ကျောက်မဲခရိုင်ဦးစီးမှူးရုံးမှတာဝန်ရှိသူများသည် နမ္မတူမြို့နယ်တွင်ဖြစ်ပွားခဲ့သောလေဘေးကြောင့်ပျက်စီးခဲ့သည့်အမိုးလန်အိမ်(၂၆)လုံးအတွက် တန်ဖိုးငွေ(၅၂၀၀၀၀)ကျပ်အားထောက်ပံ့ပေးအပ်ခဲ့ ကြောင်း သိရှိရပါသည်။
-
မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကျွန်းတောအုပ်စုအတွင်းရှိပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ မြဝတီခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၁-၅-၂၀၁၆) ရက်နေ့တွင် မြဝတီမြို့၊ အမှတ် (၃) ရပ်ကွက်၊ ကျွန်းတောအုပ်စုအတွင်းရှိ ပြည်သူများအတွက် သောက်သုံးရေဂါလန် (၂၀၀၀) ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။
-
ကရင်ပြည်နယ်၊ ပန်းကုံးကျေးရွာ၊ ငါးနက်ပြာကျေးရွာနှင့် ထုံးဘိုကွေ့ကျေးရွာနေ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း
ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဦးစီးဌာန၊ ကရင်ပြည်နယ်ဦးစီး မှူးရုံးမှ တာဝန် ရှိသူများ သည် (၁၁-၅-၂၀၁၆) ရက်နေ့တွင် ပန်းကုံး ကျေးရွာ၊ ငါးနက်ပြာ ကျေးရွာနှင့် ထုံးဘိုကွေ့ကျေးရွာများရှိ အိမ်ခြေ (၃၀၀)၊ အိမ်ထောင်စု (၃၂၅)၊ လူဦးရေ (၁၃၀၀) အတွက် ရေဂါလန် (၁၆၀၀) နှင့် သောက်ရေသန့် (၈၆၀) ဂါလန်တို့ကို သွားရောက်ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။ Source: ကရင်ပြည်နယ်ဦးစီးမှူးရုံး(ကဆရ)
