(၁၀-၅-၁၆) ရက်နေ့တွင် သာစည်မြို့၊ ပျော်ဘွယ် မြို့နှင့် ရမည်းသင်းမြို့နယ် များရှိ လေဘေးသင့်ပြည် သူများအတွက် ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာ ချထားရေးဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန် ရှိသူများသည် သာစည်မြို့နယ်ရှိ ပြိုကျအိမ် (၈) လုံး၊ အမိုးလန်အိမ် (၁၈၃) လုံးအတွက် အိမ်ဆောက် ပစ္စည်းတန်ဖိုးငွေ စုစုပေါင်း (၄၀၆၀,၀၀၀) ကျပ်၊ ပျော်ဘွယ်မြို့ရှိ ပြိုကျအိမ် (၈) လုံး၊ အမိုးလန်အိမ် (၂၃ ) လုံးနှင့် သေဆုံးသူ (၁) ဦးအတွက် စုစုပေါင်းငွေ (၉၆၀,၀၀၀) ကျပ်နှင့် ရမည်းသင်းမြို့ရှိ ပြိုကျအိမ် (၃၃၇) လုံး၊ အမိုးလန်အိမ် (၂၈၃၇) လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးငွေ (၇၃,၅၉၀,၀၀၀) တို့ကို သွားရောက်ထောက်ပံ့ခဲ့ကြောင်း သိရှိရပါသည်။
Source: မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံး(ကဆရ)