မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ဒုံဝန်းကျေးရွာတွင် သောက်သုံးရေရှားပါးမှုအတွက် စက်ရေတွင်း တူးဖော်ပေးနိုင်ရန် တင်ပြလာမှုအပေါ် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးဦးဆောင်သည့်အဖွဲ့သည် (၁၂-၅-၂၀၁၆)ရက်နေ့တွင် ကွင်းဆင်းဆောင်ရွက် ခဲ့ပါသည်။