Author Archives: Su Nandar Myint
-
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ လမ်းခွကျေးရွာသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ထောက်ပံ့ပေးအပ်မှုသတင်း
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်၊ လမ်းခွကျေးရွာသို့ ရောက်ရှိလာသော တိုက်ပွဲရှောင်ပြည်သူများအား ကူညီထောက်ပံ့မှုများ ဆောင်ရွက်ရန် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာသင်းလွင် ဦးဆောင်သော ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များသည် (၁၃-၈-၂၀၁၇)ရက်နေ့တွင် ယာယီစခန်း(၂)ခုသို့ သွားရောက်၍ ထောက်ပံ့မှုအခမ်းအနားနှင့်အတူ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ရာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ နှစ်ခြင်းဘုရားကျောင်းစခန်းရှိ အိမ်ထောင်စု(၁၀၅)စု၊ လူဦးရေ(၅၃၅)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၁၀၅) အိမ်ထောင်စုစာအား လည်းကောင်း၊ စိန့်ပေါလုဘုရားကျောင်းစခန်းရှိ အိမ်ထောင်စု(၆၁)စု၊ လူဦးရေ(၂၁၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၇)မျိုး (၆၁)အိမ်ထောင်စုစာအား လည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ ဆက်လက်၍ ဆန်ရိက္ခာဖိုးငွေ(၇)ရက်စာအား (၁၄-၈-၂၀၁၇) … Read more
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) အဖွဲ့အစည်းတို့ ပူးပေါင်းပြီး “သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေကို သိရှိနားလည်သဘောပေါက်စေနိုင်မည့် စွမ်းဆောင်ရည်ရရှိစေခြင်း” အစည်းအဝေးကျင်းပခြင်း
၁။ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ကယ်ဆယ်ရေးနှင့််ပြန်လည်နေရာချထားရေးဦးစီးဌာနနှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB ) အဖွဲ့အစည်းတို့ ပူးပေါင်းပြီး မြန်မာနိုင်ငံ ပြည်သူလူထု၏ သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေလျော့ပါးရေးအတွက် နည်းပညာပံ့ပိုးမှုစီမံချက်လုပ်ငန်း၏ Output (1)နှင့် စပ်လျဉ်းသည့် “သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတုပြောင်းလဲမှုကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေကို သိရှိနားလည်သဘောပေါက်စေနိုင်မည့် စွမ်းဆောင်ရည်ရရှိစေခြင်း” အစည်းအဝေးကို (၇-၈-၂၀၁၇)ရက်နေ့၊ (၁၀:၀၀)နာရီတွင် ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဦးစီးဌာန၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှှုဗဟိုဌာန (EOC) အဆောက် အအုံအသစ်တွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအစည်းအဝေးသို့ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့်တကွ ညွှန်ကြားရေးမှူးများ၊ … Read more
-
(၁-၈-၂၀၁၇)ရက်နေ့ (၁၄:၅၀)နာရီခန့်တွင် မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စု၊ ရပ်ကွက်(၅)၌ လေဆင်နှာမောင်းတိုက်ခတ်မှု ခံစားခဲ့ရသော ဘေးသင့်သူများအတွက် ထောက်ပံ့ပြီးစီးခြင်း
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ဖြူဘကျေးရွာအုပ်စု၊ ရပ်ကွက်(၅)၌ (၁-၈-၂၀၁၇)ရက်နေ့ (၁၄:၅၀)နာရီခန့်တွင် လေဆင်နှာမောင်းတိုက်ခတ်မှုကြောင့် နေအိမ်(၁)လုံး တစ်စိတ်တစ်ပိုင်းပျက်စီးခဲ့ရာ ထိုတစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်(၁)လုံးအတွက် ကယ်ဆယ်ရေးပစ္စည်း (၇)မျိုးပါ ပလတ်စတစ်ပုံး(၁)ပုံးနှင့် အိမ်ဆောက်ပစ္စည်းဘိုးငွေ (၁၀၀,၀၀၀/-) ကျပ်၊ ဘေးသင့်သူ (၃)ဦးအတွက် ဆန်ရိက္ခာဖိုး ငွေ(၆၃၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၁၀၆,၃၀၀/-) ကျပ်တို့အား ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံး တာဝန်ရှိသူများမှ (၂-၈-၂၀၁၇) ရက်နေ့တွင် သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ Source : သထုံခရိုင်ဦးစီးမှူးရုံး (ကဆရ)
