Author Archives: Aye Kyimann

  • Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလော မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၈.၂၀၂၀) ရက်နေ့တွင် မီးသတ်ဦးစီးဌာန၊ ပု​လောမြို့နယ်၊ လက္ကူး​ကျေးရွာ ဖေးမကူညီတွဲလက်များ ပရဟိတအသင်းနှင့် ပူးပေါင်း၍ မှော်ကြောင်း၊ မဒေါင်၊ ပဲ့ထောက်၊ ပြင်းဖြူကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူသိရှိ လိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်/ရှောင်ရန်များ အသိပညာ ပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2020 … Read more

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀)ရက်နေ့တွင် မြန်အောင်မြို့နယ်၊ အမှတ်(၁)ရပ်ကွက်၊ မကျီးစုတာပြင်တွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းရသော အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံ ငွေကျပ် (၂၀၀၀၀ဝ/-)၊ လူဦးရေ(၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံငွေ ကျပ်(၁၂၆၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေကျပ် (၂၁၂၆၀ဝ/-) တို့ ကို (၂၇-၈-၂၀၂၀)ရက်နေ့ (၁၁:၃၀)နာရီအချိန်တွင် မြန်အောင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2020 Source:   ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကောလင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၈.၂၀၂၀) ရက်နေ့တွင် ကောလင်းမြို့နယ်၊ အောင်းကုန်း၊ အင်ကပင်၊ သဲကော၊ ရွာဟောင်းကျေးရွာများရှိ ပြည်သူများသို့ Covid-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်၊ ရှောင်ရန်များကို လှည့်လည်၍ အသိပေးကြေညာခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source:   ကောလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လဟယ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၈.၂၀၂၀) ရက်နေ့တွင် လဟယ်မြို့နယ်၊ လုံခင်ကျေးရွာရှိ ပြည်သူများအား COVID-19 ရောဂါကူးစက်မှု မဖြစ်ပွားစေရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source:   လဟယ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ လားရှိုးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၈.၂၀၂၀) ရက်နေ့တွင် လူမှုဝန်ထမ်းဦးစီးဌာန၊​ ပြန်လည်ထူ​ထောင်ရေး ဦးစီးဌာနတို့နှင့် ပူးပေါင်း၍ လားရှိုးမြို့၊ ရပ်ကွက်(၁)၊ ရပ်ကွက်(၂)တို့၌ Covid-19 ကူးစက်မှုမဖြစ်ပွားစေရန်ပြည်သူများ လိုက်နာရမည့် ကျန်းမာရေးအမူအကျင့်များ အသိပညာ​ပေးခြင်းနှင့် သဘာဝဘေးဆိုင်ရာအသိပညာပေးခြင်းများကို အသံချဲ့စက်များဖြင့် လှည့်လည်​ဟောပြောခဲ့ပြီး Mask နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ပေးဝေခြင်း၊ Hand Gel များဖြင့် လက်သန့်စင် ပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2020 Source:   … Read more

  • Covid-19 ကူးစက်မှုဒုတိယလှိုင်းမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇-၈-၂၀၂၀)ရက်နေ့တွင် မအူပင်မြို့နယ်၊ တလုပ်လပ်‌အရှေ့ကျေးရွာအုပ်စုရှိ တလုပ်လပ် မြောက်ကျေးရွာ၊ တလုပ်လပ်အလယ်ကျေးရွာနှင့် တလုပ်လပ် တောင်ကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူ သိရှိလိုက်နာ ဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို  လှည့်လည်ဟောပြောခြင်း၊ အသိပညာပေးဗီနိုင်းပိုစတာ ဖြန့်ဝေခြင်းနှင့် ဘေး (၈)မျိုးလက်ကမ်းစာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source:   မအူပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • ကမ်းပြိုကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်းဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀)ရက်နေ့၌ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကမ်းပြိုကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၃)စု၊  လူဦးရေ(၁၁)ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၃၀၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာရန်ပုံငွေ(၂၃၁၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၂၃၁၀ဝ/-) ကျပ်အား (၂၇-၈-၂၀၂၀)ရက်နေ့၊  (၁၃:၀၀)နာရီအချိန်တွင် ရွှေလောင်မြို့အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2020 Source:   မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၂၀) ရက်နေ့မှ (၂၆-၈-၂၀၂၀)ရက်နေ့ထိ ဟင်္သာတမြို့နယ်၊ (ပဲကြီးကျွန်း၊ စစ်ကုန်း၊ သက္ကယ်ပြင်)အုပ်စု၊ ကျေးရွာခွဲ(၃)ရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်​ပြောင်းရွှေ့ရ​သော အိမ်​​ခြေ (၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ် (၁၅၀၀၀၀ဝ/-)၊ လူဦးရေ(၆၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံ​ငွေ ကျပ် (၁၃၆၅၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေကျပ် (၁၆၃၆၅၀ဝ/-) တို့ကို (၂၇-၈-၂၀၂၀)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_aug2020 Source:   ဟင်္သာတခရိုင်ဦးစီးမှူးရုံး … Read more

Sign Up

Upcoming Events