လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပုလော မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၈.၂၀၂၀) ရက်နေ့တွင် မီးသတ်ဦးစီးဌာန၊ ပုလောမြို့နယ်၊ လက္ကူးကျေးရွာ ဖေးမကူညီတွဲလက်များ ပရဟိတအသင်းနှင့် ပူးပေါင်း၍ မှော်ကြောင်း၊ မဒေါင်၊ ပဲ့ထောက်၊ ပြင်းဖြူကျေးရွာတို့တွင် COVID-19 ကူးစက်ရောဂါဒုတိယလှိုင်း မဖြစ်ပွားစေရန် အများပြည်သူသိရှိ လိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်/ရှောင်ရန်များ အသိပညာ ပေးခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ar
#tny_aug2020
Source: ပုလောမြို့နယ်ဦးစီးမှူးရုံး (ဘစမ)