လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြောင်းမြ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀)ရက်နေ့၌ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ကမ်းပြိုကျေးရွာအုပ်စု၊ ရေကျော်ကျေးရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ရွှေ့ပြောင်းခဲ့ရသော အိမ်ထောင်စု(၃)စု၊ လူဦးရေ(၁၁)ဦးတို့ အတွက် အိမ်ဆောက်ပစ္စည်းရန်ပုံငွေ(၃၀၀၀၀ဝ/-)ကျပ်၊ ဆန်ရိက္ခာရန်ပုံငွေ(၂၃၁၀ဝ/-)ကျပ်၊ စုစုပေါင်းရန်ပုံငွေ (၃၂၃၁၀ဝ/-) ကျပ်အား (၂၇-၈-၂၀၂၀)ရက်နေ့၊ (၁၃:၀၀)နာရီအချိန်တွင် ရွှေလောင်မြို့အုပ်ချုပ်ရေးမှူးရုံးတွင် ဘေးသင့်ပြည်သူများထံ သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_aug2020
Source: မြောင်းမြခရိုင်ဦးစီးမှူးရုံး (ဘစမ)