ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဟင်္သာတ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၀-၈-၂၀၂၀) ရက်နေ့မှ (၂၆-၈-၂၀၂၀)ရက်နေ့ထိ ဟင်္သာတမြို့နယ်၊ (ပဲကြီးကျွန်း၊ စစ်ကုန်း၊ သက္ကယ်ပြင်)အုပ်စု၊ ကျေးရွာခွဲ(၃)ရွာတွင် ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်​ပြောင်းရွှေ့ရ​သော အိမ်​​ခြေ (၁၅)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေကျပ် (၁၅၀၀၀၀ဝ/-)၊ လူဦးရေ(၆၅)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာရန်ပုံ​ငွေ ကျပ် (၁၃၆၅၀ဝ/-)၊ စုစုပေါင်းရန်ပုံငွေကျပ် (၁၆၃၆၅၀ဝ/-) တို့ကို (၂၇-၈-၂၀၂၀)ရက်နေ့ (၁၂:၃၀)နာရီအချိန်တွင် ဟင်္သာတမြို့နယ်အ​ထွေ​ထွေအုပ်ချုပ်​ရေးဦးစီးဌာန၌ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ha_rbe

#ayy_aug2020

Source:   ဟင်္သာတခရိုင်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events