Author Archives: Aye Kyimann

  • ကမ်းပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀)ရက်နေ့တွင် ပန်းတနော်မြို့နယ်၊ တောကျောင်းကျေးရွာအုပ်စု၊ နံဂါတ်ရိုး ကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ နေအိမ် (၂)လုံး၊ အိမ်ထောင်စု (၂)စုမှ လူဦးရေ (၁၆)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၃၃၆၀၀/-)ကျပ်၊ အိမ်ဆောက်ပစ္စည်းဖိုးရန်ပုံငွေ (၂၀၀၀၀၀/-)ကျပ်၊ စုစုပေါင်း ရန်ပုံငွေ (၂၃၃၆၀၀/-) ကျပ်အား (၂၅.၈.၂၀၂၀)ရက်နေ့ (၁၃:၄၅) နာရီအချိန်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိ သူများနှင့်အတူ ကျေးရွာအုပ်ချုပ်ရေးမှူး၊ ရပ်မိရပ်ဖများရှေ့မှောက်၌ ကမ်းပြိုဘေးသင့်ပြည်သူများ … Read more

  • Covid-19 ကူးစက်ရောဂါမဖြစ်စေရန်ကြိုတင်ကာကွယ်‌​​​ရေးနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောင်းဆုံ ံမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀) ရက်နေ့တွင် ချောင်းဆုံမြို့နယ်အတွင်းရှိ ကော့ကဒိုက်ကျေးရွာနှင့် အဘစ်ကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့်စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များ၊ ရေဘေး၊ မုန်တိုင်းဘေး၊ မြေပြိုဘေး၊ မိုးကြိုးဘေးတို့နှင့် စပ်လျဉ်း၍ ဆောင်ရန်/ရှောင်ရန်အချက်များကို အသံချဲ့စက်​တို့ဖြင့် လှည့်လည်အသိပညာပေး နှိုးဆော်ခဲ့ပြီး လက်ကမ်းစာစောင်များ ဝေငှပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source:  ချောင်းဆုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မြေပြိုဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်း ပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့၊ (၁၁:၀၀)အချိန်ခန့်တွင် တောင်ကြီးမြို့နယ်၊ ရွှေတောင် ရပ်ကွက်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုနိုင်ခြေရှိ၍ ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့အိမ်ခြေ (၁)လုံး၊ အိမ်ထောင်စု (၁)စုနှင့် လူဦးရေစုစုပေါင်း (၅)ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းတန်ဖိုး (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ (၅)ဦး အတွက် ဆန်ရိက္ခာ (၁)ပတ်စာ (၁၀၅၀၀/-)ကျပ်၊ ကယ်ဆယ်ရေးပစ္စည်း (၁၀) မျိုးတို့အား (၂၅-၈-၂၀၂၀)ရက်နေ့၊ (၁၁:၀၀)နာရီအချိန်ခန့်တွင် ဘေးသင့်ပြည်သူများလက်၀ယ်အရောက် သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_lst #shn_aug2020 … Read more

  • Covid-19 ကူးစက်ရောဂါမဖြစ်စေရန်ကြိုတင်ကာကွယ်‌​​​ရေးနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဖာပွန်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၈-၂၀၂၀)ရက်​​နေ့၊ နံနက်(၀၈:၀၀)နာရီချိန်မှ (၁၁:၀၀)နာရီချိန်ထိ ဖာပွန်ခရိုင်၊ ဖာပွန်မြို့ အတွင်းရှိ ကတိုင်တိကျေးရွာ၊ ကကိုင်းဘောကျေးရွာ၊ ကကူလားကျေးရွာ၊ ဝှေဆန်ကျေးရွာနှင့် ကူးဆိပ်ကျေးရွာ​များတွင် COVID-19 ကူးစက်မြန်ရောဂါပြန့်ပွားမှုများ မဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွား တတ်သော သဘာဝဘေးအန္တရာယ်များနှင့်စပ်လျဥ်း၍ ဆောင်ရန်/ရှောင်ရန် အချက်များအား အသံချဲ့စက်ဖြင့်​အသိပညာပေး ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #npw_aug2020 Source:  ဖာပွန်ခရိုင်ဦးစီးမှူးရုံး (ဘစမ)  

  • Covid-19 ကူးစက်ရောဂါမဖြစ်စေရန်ကြိုတင်ကာကွယ်‌​​​ရေးနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀) ရက်နေ့၊ (၁‌၀း၀၀) အချိန်မှ (၁၅:၃၀) အချိန်အထိ ပြည်သူများအား COVID-19 ရောဂါကူးစက်ပြန့်နှံ့မှုများမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာဆောင်ရွက် ရမည့်အချက်များနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားတတ်သည့် ရေဘေးအန္တရာယ်နှင့် မိုးကြိုးဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်/ ရှောင်ရန်အချက် များနှင့်ပတ်သက်၍ အသိပညာပေးခြင်းကို ပျဉ်းမနားမြို့နယ်၊ နတ်သရဲအုပ်စု၊ ကြံဘိုကျေးရွာ၊ ပန်းပဲစုကျေးရွာ၊ တာတိုင်းကုန်းကျေးရွာ၊ နတ်သရဲကျေးရွာနှင့် ပေါစံကုန်းကျေးရွာများအတွင်းရှိ ပြည်သူများသို့ လက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာများဖြန့်ဝေပေးအပ်၍ ထိရောက်စွာ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

  • ရေဘေးအတွက် ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လိုက် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  မော်လိုက်မြို့နယ်အတွင်း (၂၂.၈.၂၀၂၀)ရက်နှင့် (၂၃.၈.၂၀၂၀)ရက်နေ့များ၌ ချင်းတွင်း မြစ်ရေမြင့်တက်မှုကြောင့် ရပ်ကွက်(၂)ရပ်ကွက်၊ ကျေးရွာ(၈)ရွာ၌ ပြောင်းရွေ့ခဲ့ရသော အိမ်ထောင်စု(၄၇)စုအတွက် ကာဘော် လိပ်ဆပ်ပြာ(၄၇)တောင့် လူဦးရေ(၂၂၃)ဦးတို့အတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေစုစုပေါင်း (၄၆၈၃၀၀/-) ကျပ်တိတိအား (၂၄.၈.၂၀၂၀)ရက်နေ့ (၁၃:၃၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ကယ်ဆယ်ရေးစခန်းများတွင် သွားရောက်ထောက်ပံ့ ခဲ့ပါသည်။ အဆိုပါချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် (၂၁.၈.၂၀၂၀)နေ့တွင် မော်လိုက်ခရိုင်၊ ဖောင်းပြင်မြို့နယ်အတွင်း ရေဝင်ပြောင်းရွေ့အိမ်စု(၁၅)စုအတွက် ဆပ်ပြာ(၁၅)တောင့်၊ လူဦးရေ(၆၆)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေစုစုပေါင်း (၁၃၈၆၀၀/-)ကျပ်တိတိအား (၂၄.၈.၂၀၂၀)ရက်နေ့(၁၁:၀၀)အချိန်တွင် … Read more

  • Covid-19 ကူးစက်ရောဂါ ဒုတိယလှိုင်းမဖြစ်စေရန်ကြိုတင်ကာကွယ်‌​​​ရေးနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မအူပင်ခရိုင် ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်  (၂၄-၈-၂၀၂၀)ရက်နေ့တွင် မအူပင်မြို့နယ်၊ ထနီးကျေးရွာအုပ်စုရှိ ထနီးကျေးရွာ၊ ရွာသစ်စု ကျေးရွာ၊ သံကြိုးတိုင်ကျေးရွာ၊ မအူလေးပင်ကျေးရွာ၊ ကနုံကျေးရွာ၊ပလောင်ကျေးရွာနှင့် ရွှေသစ်ချောင်းကျေးရွာတို့၌ COVID-19 ရောဂါကူးစက်ပျံ့နှံ့မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အများပြည်သူအလွယ်တကူသိရှိ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် မိုးရာသီတွင်ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပေးချက်များကို  လှည့်လည်ဟောပြော ခြင်း၊ အသိပညာပေးဗီနိုင်းပိုစတာပေးအပ်ခြင်းနှင့် ဘေး (၈) မျိုးလက်ကမ်း စာစောင်များ ဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source:  … Read more

  • Covid-19ကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအသိပညာပေးခြင်းများ ဆောင်ရွက်မှု သတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေကြည် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၄-၈-၂၀၂၀)ရက်နေ့၊ (၀၉:၃၀)နာရီအချိန်မှစ၍ ရေကြည်မြို့နယ်၊ ညောင်ပင် သာယာကျေးရွာအုပ်စု၊ ညောင်ပင်စုကျေးရွာ၊ ညောင်ပင်သာကျေးရွာ၊ ဥရှစ်ကုန်းကျေးရွာနှင့် ကြာအင်းကုန်းကျေးရွာတို့တွင် Covid-19 ဒုတိယလှိုင်းကူးစက်မှုမဖြစ်ပွား​စေရန်နှင့် သဘာဝ​​ဘေးနှင့်ပတ်သက်သည့် ဆောင်ရန်/ရှောင်ရန်များကို ကျေးရွာ/ ရပ်ကွက်နေ မိဘ​ပြည်သူတို့အား အသိပညာပေးဟောပြော ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #ayy_aug2020 Source:   ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)  

Sign Up

Upcoming Events