လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မော်လမြိုင် ခရိုင်၊ ရေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေးမြို့နယ်၊ အံဒင်ကျေးရွာအုပ်စု၊ ဓမင်းဆိပ်ကျေးရွာတွင် (၂၇.၈.၂၀၂၀) ရက်နေ့ (၁၈:၃၀) အချိန်တွင် မီးလောင်ကျွမ်းမှုကြောင့် လုံးဝပျက်စီးခဲ့သော အိမ်ခြေ(၁)လုံး၊ အိမ်ထောင်စု (၁) စုတို့အတွက် အိမ်ဆောက်ပစည်း ဖိုးငွေ ကျပ်(၂၀၀,၀၀ဝ/)တိတိ လူဦးရေ (၅) ဦး အတွက် ဆန်ရိက္ခာဖိုး (၇) ရက်စာထောက်ပံ့ငွေကျပ် (၁၀,၅၀ဝ/-) တိတိစုစုပေါင်း ထောက်ပံ့ငွေကျပ်(၂၁၀,၅၀ဝ/)တိတိတို့အား မွန်ပြည်နယ်ဦးစီးမှူးရုံး တို့မှလည်းကောင်း၊ ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး (၁)အိမ်ထောင်စုတို့အား ရေးမြို့နယ်ဦးစီးမှူးရုံးမှလည်းကောင်း (၂၈-၈-၂၀၂၀) ရက်နေ့ (၁၆:၁၅) နာရီအချိန်တွင် အံဒင်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပြည်သူများလက်ဝယ်အရောက် လွှဲပြောင်းထောက်ပံ့ပေးအပ်ခဲ့ပါ ကြောင်း သတင်းရရှိပါသည်။
#ha_fir
#mon_aug2020
Source: ရေးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)