Author Archives: Aye Kyimann
-
ယာယီကမ်းထိန်းနံရံပြုလုပ်ရန် ပီနံအိတ်ခွံများထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ကနီမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ချင်းတွင်းမြစ်ရေတိုက်စား၍ ကမ်းပါးပြိုကျသည့် မဲဒင်ကျေးရွာတွင် ယာယီကမ်းထိန်းနံရံပြုလုပ်ရန်အတွက် ပီနံအိတ်ခွံ (၃၀၀၀)ခန့်အား တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေး ဦးစီးဌာနတို့နှင့်အတူ (၂၉- ၈- ၂၀၂၀) ရက်နေ့တွင် ကျေးရွာအရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ha_rbe #sgg_aug2020 Source: ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန်အသိပညာပေးခြင်းနှင့် mask camping အသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ သာပေါင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ကျန်မာရေးဦးစီးဌာနတို့နှင့် ပူးပေါင်း၍ (၂၉-၈-၂၀၂၀) ရက်နေ့ (၀၈:၀၀) နာရီအချိန်တွင် သာပေါင်းမြို့၊ ရပ်ကွက်(၁၊ ၂၊ ၃)နှင့် လှေကြီးတက်ကျေးရွာအုပ်စုများရှိ ပြည်သူများအား အမိန့်ညွှန်ကြားချက်များ ကြေညာ ပေးခြင်း၊ mask camping အသိပညာပေးခြင်းနှင့် Covid-19 အသိပညာပေး ခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်း ရရှိပါသည်။ #ar #ayy_aug2020 Source: သာပေါင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး COVID – 19 စီးပွားရေးကုစားမှုအစီအစဉ်အရ ချင်းပြည်နယ်၊ ဆမီးမြို့ရှိ တိုက်ပွဲရှောင်များအတွက် ထောက်ပံ့ခြင်းနှင့် ပလက်ဝမြို့နယ်ရှိ တိုက်ပွဲရှောင်များအတွက် ဆက်လက်ထောက်ပံ့နိုင်ရေး ညှိနှိုင်းဆွေးနွေးမှုသတင်း
ဩဂုတ်လ၊ ၂၉၊ နေပြည်တော် နိုင်ငံတော်အစိုးရ၏ COVID – 19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) စီမံချက်အရ ချင်းပြည်နယ်၊ ဆမီးမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင် အိမ်ထောင်စုများအတွက် စားနပ်ရိက္ခာများ ဝယ်ယူနိုင်ရန် ငွေကြေးထောက်ပံ့ခြင်းနှင့် ပလက်ဝမြို့နယ်အတွင်းရှိ တိုက်ပွဲရှောင်အိမ်ထောင်စု များအတွက် ဆက်လက်ထောက်ပံ့ပေးနိုင်ရေးညှိနှိုင်းဆွေးနွေးမှုများကို ယနေ့ညနေပိုင်း၌ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက Video Conferencing စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အတူ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့် ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ချင်းပြည်နယ် … Read more
-
ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် COVID–19 စီးပွားရေး ကုစားမှုအစီအစဉ်အရ အထူးလူမှုကာကွယ ်စောင့်ရှောက်ရေးထောက်ပံ့မှု အကူအညီများပေးအပ်
ဩဂုတ်လ (၂၉) ၊ နေပြည်တော် COVID -19 ကပ်ရောဂါကာလအတွင်း နိုင်ငံတော်အစိုးရ၏ COVID – 19 စီးပွားရေးကုစားမှု အစီအစဉ် (CERP) စီမံချက်အရ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ် တို့ရှိ ထိခိုက်လွယ်အုပ်စုများ၊ အနာကြီးရောဂါခံစားနေရသူများအား စောင့်ရှောက်နေသည့် ဂေဟာ များအတွက် အထူးလူမှုကာကွယ်စောင့်ရှောက်ရေးပံ့ပိုးကူညီထောက်ပံ့မှုများကို ယနေ့တွင် Video Conferencing စနစ်ဖြင့် ဆက်သွယ်ဆောင်ရွက်ခဲ့ပါသည်။ ရှေ့ဦးစွာ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အသက်(၈၀)နှစ်နှင့် အထက် (၈၅)နှစ်အောက် ဘိုးဘွားများ၊ ထပ်မံ၍စာရင်းကောက်ယူရရှိသော မသန်စွမ်းသူများအား ငွေကြေးတစ်ကြိမ် … Read more
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကလေးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၈.၂၀၂၀) ရက်နေ့၊ နံနက် ၈ နာရီမှ ၁၂နာရီအထိ လူမှုရေးအသင်းအဖွဲ့များ Volunteer အဖွဲ့ဝင်များနှင့်အတူ Covid19 ကူးစက်ရောဂါကာကွယ် တားဆီးထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ကလေး မြို့ပေါ်ရှိ ရပ်ကွက်စုစုပေါင်း(၂၀) ခုတွင် ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: ကလေးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
lDPsစခန်းများရှိ ပြည်သူများအတွက် (Covid-19) ရောဂါကာကွယ်ရေးနှင့်ပက်သက်ပြီး လက်ဆေးဆပ်ပြာနှင့် ထုံးအိတ်များ ထောက်ပံ့ပေးမှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၈.၂၀၂၀) ရက်နေ့တွင် ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) ပန်ကူ အိမ်ထောင်စု (၁၀၅)၊ လူဦးရေ (၆၃၆) ဦးအတွက် ထုံး(၁၀)အိတ်နှုန်း၊လူတစ်ဦးလျှင်ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် စုစုပေါင်းထုံး (၁၀)အိတ်၊ လက်ဆေးဆပ်ပြာ(၆၃၆)တောင့် ဖြင့် ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_aug2020 Source: ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကျိုက်ထို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉-၈-၂၀၂၀)ရက်နေ့၊ (၀၉:၀၀)အချိန်မှ (၁၂:၀၀)အချိန်ထိ မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၊ တောင်ကလေးကျေးရွာ၊ ကွင်းကလေးကျေးရွာ၊ အင်းဝကျေးရွာနှင့် ဝင်းပြန်ကျေးရွာတို့တွင် Covid-19ရောဂါ ကူးစက်ပျံ့နှံ့မှုများမဖြစ်ပွားစေရေးနှင့် မိုးရာသီကာလအတွင်း ဖြစ်ပွားလေ့ရှိသည့် မိုးကြိုးဘေး၊ မုန်တိုင်းဘေး၊ ရေဘေး၊ မြေပြိုဘေးအန္တရာယ်များ ကြိုတင်ပြင်ဆင်ရေး အသိပညာပေးခြင်း လုပ်ငန်းအားဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #mon_aug2020 Source: ကျိုက်ထိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ မြို့နယ်ဦးစီးမှူးရုံး မှ တာဝန်ရှိသူများသည် (၂၉.၈.၂၀၂၀)ရက်နေ့ တနင်္သာရီ မြို့နယ်၊ ဇဝဲကျေးရွာအုပ်စု၊ လေးမိုင်ကျေးရွာ၊ ဒူးကျိုးကျေးရွာ ၊ ဆန်းသစ်ကျေးရွာများတွင် covid-19 အသိပညာပေးခြင်း၊ မိုးကြိုးဘေး၊ရေဘေး၊ မြေပြိုဘေး သဘာဝဘေး အသိပညာပေးခြင်းတို့ကို နံနက် (၇:၀၀) နာရီမှ (၁၂:၀၀)အထိ မြို့နယ် ကြက်ခြေနီ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug2020 Source: တနင်္သာရီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းနှင့် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေး ခြင်းများဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တာချီလိတ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်(၂၈.၈.၂၀၂၀)ရက်နေ့တွင် ဌာနဆိုင်ရာများနှင့်ပူးပေါင်း၍ Covid-19 ရောဂါကူးစက်မှု ဒုတိယလှိုင်းမဖြစ်ပွားစေရန် မိုင်းဖုန်း(ခ) ကျေးရွာအုပ်စု ၊ဖတ်ဟိ(အာခါ) ကျေးရွာ၊ ပါလိုင်(ရွာဟောင်း) ကျေးရွာများ၌(COVID-19) ကူးစက်ရောဂါကြိုတင်ကာကွယ်ရေး အတွက် ဆောင်ရန် / ရှောင်ရန်များကို hand speaker ဖြင့်အသိပညာပေး ဆော်သြ ခြင်း၊ Maskများဖြန့်ဝေခြင်း၊ဗီနိုင်း/ပိုစတာများကပ်ခြင်း၊သဘာဝဘေးအသိပညာပေးလက်ကမ်း စာစောင်များဖြန့်ဝေ ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_aug2020 Source: တာချီလိတ်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
Covid-19 ရောဂါကူးစက်မှုမဖြစ်ပွားစေရန် အသိပညာပေးခြင်းဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ယင်းမာပင် ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈.၈.၂၀၂၀) ရက်နေ့တွင် ယင်းမာပင်မြို့နယ်တွင် ရွာသာ၊ ပြန်လှည့်၊ နှောရိုး၊ ကောင်းဆင့်၊ တယ်ပင်ကန်၊ ဝါးတန်း၊ ဖောင်းကား၊ ကျေးစာကျ၊ အောင်မိုး၊ ဘိန်းနွယ်ချောင်းကျေးရွာများတွင် COID-19ရောဂါနှင့် ပတ်သက်၍ အသိပေးနှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #sgg_aug2020 Source: ယင်းမာပင်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
