လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဉီးစီးဌာန၊ ညောင်တုန်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ညောင်တုန်းမြို့၊ အမှတ် (၄) ရပ်ကွက်၊ တိုးချဲ့နယ်မြေတွင် (၁၆.၉.၂၀၂၀)ရက်နေ့၌ ပန်းလှိုင်မြစ်ရေတိုက်စားသဖြင့် မြစ်ကမ်းပါးအလျား ၈၀ ပေ၊ အနံ ၂၅ ပေ ပြိုကျမှုကြောင့် ပြိုကျနေအိမ် (၁) လုံးနှင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည့် နေအိမ် (၉) လုံး၊ စုစုပေါင်း နေအိမ်(၁၀) လုံး၊ အိမ်ထောင်စု (၁၀) စုမှ လူဦးရေ (၄၆) ဦးအတွက် ဆန်ရိက္ခာ (၇) ရက်စာ ရန်ပုံငွေ (၉၆၆၀၀/-)ကျပ်၊ အိမ်ဆောက် ပစ္စည်းရန်ပုံငွေ (၁၀၀ဝ၀၀၀/-) ကျပ်၊ စုစုပေါင်း (၁၀၉၆၆၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၆မျိုး (၁) ပုံး တန်ဖိုး (၃၇၃၅၃/-) ကျပ်တို့အား (၁၇.၉.၂၀၂၀)ရက်နေ့တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်မီးသတ်ဉီးစီးမှူး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကမ်းပြိုဘေးသင့်ပြည်သူများ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။
#ha_rbe
#ayy_sep2020
Source: ညောင်တုန်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)