COVID -19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန်နှင့် သဘာဝဘေးအသိပညာပေးခြင်းများဆောင်ရွက်မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၉.၂၀၂၀)နေ့တွင် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မြိတ်ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ဂဝေသီပရဟိတအသင်းတို့နှင့်ပူးပေါင်း၍ ကျောက်ဖျာ၊ အဒွင်း၊ ကဘင်း၊ အထူးဆိပ်၊ လွတ်လွတ်ကျေးရွာ တို့တွင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရန် အများပြည်သူသိရှိလိုက်နာနိုင်ရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော အသိပေးကြေငြာချက်များနှင့် မိုးကြိုးဘေး၊ ရေဘေး၊ လေပြင်းဘေး ဆောင်ရန်/ရှောင်ရန်များ အသိပညာပေးခြင်း၊ လက်ကမ်းစာစောင်နှင့် Mask ဝေငှပေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#tny_sep2020

Source:  မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)

 

Sign Up

Upcoming Events