IDPsစခန်းများရှိ ပြည်သူများအတွက် (Covid-19) ရောဂါကာကွယ်​ရေးနှင့်ပတ်သက်ပြီး လက်ဆေးဆပ်ပြာနှင့် ထုံးအိတ်များ ထောက်ပံ့မှုသတင်း

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကွတ်ခိုင် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄.၉.၂၀၂၀) ရက်နေ့တွင် ​ကွတ်ခိုင်မြို့နယ်အတွင်းရှိ IDP(camps) (၃)ရပ်ကွက် ကာသိုလိပ်ဘုရားကျောင်း အိမ်ထောင်စု(၃၀)၊လူဦးရေ(၁၃၈)၊ ကာလိုင် (၁) အိမ်ထောင်စု(၈၄)၊ လူဦးရေ(၄၉၆) ၊ ကာလိုင်(၂) အိမ်ထောင်စု (၁၇၅)၊ လူဦးရေ(၁၁၀၅)၊ ပန်ကူအိမ်ထောင်စု(၁၀၅)၊ လူဦးရေ(၆၃၆) စုစုပေါင်းအိမ်ထောင်စု(၃၉၄)စု၊ လူဦးရေ (၂၃၇၅)ဦးအတွက် စခန်း(၁)ခုလျှင် ထုံး(၁၀)အိတ်နှုန်း၊ လူတစ်ဦးလျှင် ဆပ်ပြာ(၁)တောင့်နှုန်းဖြင့် ​စုစုပေါင်းထုံး (၄၀)အိတ်နှင့်  လက်ဆေးဆပ်ပြာ(၂၃၇၅)တောင့်တို့ကို ထောက်ပံ့ပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။

#ar

#shn_sep2020

Source:  ကွတ်ခိုင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

Sign Up

Upcoming Events