Author Archives: Aye Kyimann

  • COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးခြင်း ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ချောက် မြို့နယ်ဦးစီးမှူးရုံးမှ (၂၈-၁-၂၀၂၁) ရက်နေ့တွင် ချောက်မြို့နယ်၊ အမှတ် (၁၊၂၊၃၊၄၊၅) ရပ်ကွက်တို့တွင် COVID 19 ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်း၊ Mask Campaign ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mgy_jan2021 Source:  ချောက်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ရှမ်းပြည်နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၁.၂၀၂၁) ရက်နေ့တွင် နောင်တရားမြို့နယ်ခွဲ၊ ရေဦးကျေးရွာနှင့်‌‌ သစ်ပင်ကြီးကျေးရွာနှင့် ပင်လောင်းမြို့နယ်၊ ရင်းမှီးကျေးရွာ၊ ပိန္နဲကုန်းကျေးရွာတို့၌ COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းများကို Hand Speaker အသံချဲ့စက်များဖြင့် လှည့်လည်ဟောပြောခြင်း၊ Maskနှင့် အသိပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #shn_jan2021 Source:  ရှမ်းပြည်နယ်ဦးစီးမှူးရုံး (ဘစမ)

  • COVID-19 ကူးစက်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွမှုဦးစီးဌာန၊ ဒီးမော့ဆို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၇.၁.၂၀၂၁) ရက်နေ့တွင် ဒီးမော့ဆိုမြို့နယ်၊ ထီးဖိုးကလိုးကျေးရွာအုပ်စု၊ ဒေါခူသွဲ့ ကျေးရွာ၊ ဒေါလျားခူကျေးရွာ၊ ဖဲလျားကျေးရွာ၊ ငွေတောင်ကျေးရွာအုပ်စု၊ ဒေါပေါ်ကလဲကျေးရွာ၊ ပါဒေါဒူကျေးရွာများရှိ ပြည်သူ များအား COVID-19 ကူးစက်ရောဂါ ပြန့်ပွားမှုမဖြစ်ပွားစေရန်အတွက် သိရှိလိုက်နာရန်အချက်များနှင့် သဘာဝဘေးအန္တရာယ် နှင့်စပ်လျဉ်းသည့် ဆောင်ရန်၊ ရှောင်ရန်များအား အသိပညာပေးဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_jan2021 Source:  ဒီးမော့ဆိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • ရခိုင်ပြည်နယ်အတွင်း ပြန်လည်ထူထောင်ရေးနှင့် လူသားချင်းစာနာမှုလုပ်ငန်းများ ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေးမှုသတင်း

    ဇန်နဝါရီ ၂၇၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် နေရပ်စွန့်ခွာရသူများ အတွက် လူသားချင်းစာနာမှု အကူအညီပေးအပ်ခြင်း ပြန်လည်နေရာချထားရေး၊ ပြန်လည်ထူထောင်ရေးနှင့်သက်ဆိုင်သောလုပ်ငန်းများ ပူးပေါင်းဆောင်ရွက် နိုင်ရန်အတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသော ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) အဖွဲ့အစည်းမှ မြန်မာနိုင်ငံ ဆိုင်ရာကိုယ်စားလှယ် Ms. Hai Kyung Jun နှင့် ဒုတိယကိုယ်စားလှယ် Ms. Yukiko Iriyama တို့ဦးဆောင်သော အဖွဲ့အား ယနေ့နံနက်ပိုင်းက ဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် UNHCRဌာနေကိုယ်စားလှယ်အနေဖြင့် … Read more

  • မီးဘေးအတွက် ထောက်ပံ့မှုသတင်း

     လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဖျသီးရပ်၌ (၂၇-၁-၂၀၂၁) ရက်နေ့တွင် မီးလောင်ကျွမ်းခဲ့ရာ မီးဘေးသင့် လုံးဝပျက်ဆီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ(၉) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၈၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၈၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး အိမ်ထောင်စု(၂)စုစာတို့အား (၂၇-၁-၂၀၂၁)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် … Read more

  • Hygiene Kit-E ပစ္စည်းများ ထောက်ပံ့မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကနီမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည်   (၂၇-၁-၂၀၂၁) ရက်နေ့ (၁၀:၂၀) နာရီအချိန်တွင် ကနီမြို့နယ်အတွင်း ဆေးကုသမှုခံယူနေ သော Covid – 19 positive လူနာများနှင့် Quarantine ဝင်ရောက်နေသူများ အသုံးပြုနိုင်ရန်အတွက် ကနီမြို့နယ်ပြည်သူ့ ဆေးရုံအုပ်ကြီးထံသို့ Hygiene Kit-E ဖာ (၁၅) ဖာအား ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #otr #sgg_jan2021 Source:  ကနီမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မကွေးမြို့နယ်၊ ကြာကန်ကျေးရွာရှိ ပြည်သူများအတွက် သောက်သုံးရေများ ဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သောက်သုံးရေခက်ခဲသော မကွေးမြို့နယ်၊ ကြာကန်ကျေးရွာအုပ်စု၊ ကြာကန် ကျေးရွာ၊ စမ်းရိုး(တဲတိုက်)ရှိ အိမ်ခြေ (၁၁၂) လုံး၊ အိမ်ထောင်စု (၁၂၅) စု၊ လူဦးရေ (၆၀၁) ဦးတို့အတွက် သောက်သုံးရေဂါလံ (၆၀၀၀) အား (၂၇- ၁-၂၀၂၁) ရက်နေ့ (၁၁ : ၃၀) နာရီအချိန်တွင် သွားရောက် ဖြန့်ဝေပေးခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_drg #mgy_jan2021 မကွေးတိုင်းဒေသကြီးဦးစီမှူးရုံးမှ (ဘစမ)

  • COVID – 19 ရောဂါကူးစက်မှုနှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘော်လခဲ ခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆.၁.၂၀၂၁) ရက်နေ့တွင် ဘောလခဲမြို့နယ်၊ ဘောလခဲကျေးရွာအုပ်စု၊ ဝမ်ချယ် ကျေးရွာ၊ မိုင်းထမ်းကျေးရွာ၊ ရေနီပေါက်ကျေးရွာ၊ ချိကွဲ့ကျေးရွာအုပ်စု၊ နန်းနောက်ကျေးရွာ၊ ချိကွဲ့ကျေးရွာကျေးရွာများရှိ ပြည်သူ များအား COVID – 19 ရောဂါကူးစက်မှုနှုန်း မပြန့်ပွားစေရန်နှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကို အသိပညာပေးဖြန့်ဝေခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #kyh_jan2021 Source:  ဘော်လခဲခရိုင်ဦးစီးမှူးရုံး (ဘစမ)

  • COVID – 19 ရောဂါကြိုတင်ကာကွယ်တားဆီးနိုင်ရေးအတွက် Hygiene kits များဖြန့်ဝေပေးမှုသတင်း

    လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းကင်း မြို့နယ်ဦးစီးမှူးရုံးမှ မင်းကင်းမြို့အမှတ် (၃) ရပ်ကွက် အ​ခြေခံပညာ မူလတန်းကျောင်းတွင် ဖွင့်လှစ်ထားသည့် Quarantine Center တွင် အသုံးပြုရန်အတွက် Hygiene Kits (၁၅) ဖာကို (၂၆-၁-၂၀၂၁) ရက်နေ့၌ သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #sgg_jan2021 Source:  မင်းကင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)

  • မီးဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း

      လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေဖြူမြို့နယ်၊‌ (ခ)ရပ်ကွက်၌၊ (၁၁-၁-၂၀၂၁)ရက်နေ့ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် လုံးဝပျက်စီး အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်း တန်ဖိုး (၁၀၀၀၀ဝ/-) ကျပ်၊ လူဦးရေ(၁)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ (၂၁၀၀)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၁၀၂,၁၀ဝ/-) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၇)မျိုး အိမ်ထောင်စု (၁)စုစာတို့အား (၂၅-၁-၂၀၂၁)ရက်နေ့ (၁၅:၃၀) နာရီအချိန်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့် ပြည်သူများ လက်ဝယ်အရောက်သွားရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ … Read more

Sign Up

Upcoming Events