လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေစကြို မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေစကြိုမြို့နယ်၊ အမှတ်(၆)ရပ်ကွက်၊ ဖျသီးရပ်၌ (၂၇-၁-၂၀၂၁) ရက်နေ့တွင် မီးလောင်ကျွမ်းခဲ့ရာ မီးဘေးသင့် လုံးဝပျက်ဆီးဆုံးရှုံးခဲ့သည့် နေအိမ် (၁) လုံး၊ အိမ်ထောင်စု (၂) စု၊ လူဦးရေ(၉) ဦးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုး (၂၀၀,၀၀၀/-)ကျပ်၊ ဆန်ရိက္ခာဖိုး (၁၈၉၀၀/-) ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၁၈၉၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၂၂)မျိုး အိမ်ထောင်စု(၂)စုစာတို့အား (၂၇-၁-၂၀၂၁)ရက်နေ့၊ (၁၅:၀၀)နာရီအချိန်တွင် ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အတူ မီးဘေးသင့်ပြည်သူများထံသို့ လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါ သည်။
#ha_fir
#mgy_jan2021
Source: ရေစကြိုမြို့နယ်ဦးစီးမှူးရုံး (ဘစမ)