Author Archives: Aye Kyimann
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၁ ခုနှစ်၊ ဧပြီလ (၂)ရက်နေ့ မြန်မာစံတော်ချိန် (၀၇:၀၀)နာရီအချိန်ထုတ်ပြန်ချက် =================================== လေဖိအားနည်းရပ်ဝန်းအခြေအနေ ၁။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာ ချက်များအရကပ္ပလီပင်လယ်ပြင် အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆက်လက်တည်ရှိနေပါသည်။ အဆိုပါလေဖိအားနည်းရပ်ဝန်းသည်နောက်(၁၂)နာရီအတွင်း မုန်တိုင်းငယ် (Depression) အဖြစ်သို့ အားကောင်းလာနိုင်ပြီး၊ အရှေ့မြောက်ဘက်သို့ ရွေ့လျားကာ၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျားနိုင်သည်ဟု ခန့်မှန်းရပါသည်။ သတိပေးနှိုးဆော်ချက် ၂။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏အရှိန်ကြောင့် (၂.၄.၂၀၂၁)ရက် နေ့မှ(၅.၄.၂၀၂၁)ရက်နေ့ အတွင်း တနင်္သာရီ တိုင်းဒေသကြီး၊ … Read more
-
လေဖိအားနည်းရပ်ဝန်းအခြေအနေ
၂၀၂၁ ခုနှစ်၊ ဧပြီလ (၁)ရက်နေ့ မြန်မာစံတော်ချိန်(၀၇:၀၀)နာရီအချိန် ထုတ်ပြန်ချက် ========================================= လေဖိအားနည်းရပ်ဝန်းအခြေအနေ ၁။ ယနေ့မြန်မာစံတော်ချိန် (၀၅:၃၀)နာရီအချိန် တိုင်းထွာချက်များ အရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ် လျက်ရှိသော ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ကပ္ပလီပင်လယ်ပြင်တောင်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော်အရှေ့ တောင်ပိုင်းတို့တွင် ဆက်လက်တည်ရှိ နေပါသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် နောက်(၃၆)နာရီအတွင်း ကပ္ပလီပင်လယ် ပြင်အလယ်ပိုင်းသို့ ရောက်ရှိနိုင်ပြီး၊ ပိုမိုအားကောင်းလာနိုင်သည်ဟု ခန့်မှန်းရပါသည်။ သတိပေးနှိုးဆော်ချက် … Read more
-
ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ထားရှိမှု အခြေအနေများ ရှင်းလင်းဆွေးနွေးပွဲ တက်ရောက်
မတ် ၁၇၊ နေပြည်တော် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်း က နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးကအဖွင့်အမှာစကားပြောကြားရာတွင် ရခိုင်ပြည်နယ်အတွင်း ကာလရှည်ဖြစ်ပွားခဲ့သော ပဋိပက္ခများကို ဖြေရှင်း ဆောင်ရွက်နိုင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း နေထိုင် လျက်ရှိသော လူမှုအသိုက်အဝန်းအားလုံး အကျိုးဖြစ်ထွန်း စေရေးအတွက် အစိုးရအဆက်ဆက် ဖြေရှင်း ဆောင်ရွက်ခဲ့ကြ ပါကြောင်း၊ ရခိုင်ပြည်နယ်အတွင်း ၂၀၁၂ ခုနှစ်ကဖြစ်ပွားခဲ့သော … Read more
-
COVID-19 ကူးစက်ရောဂါနှင့်ပတ်သက်၍ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မုဒုံမြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၃-၂၀၂၁) ရက်နေ့၊ (၁၂:၀၀) နာရီအချိန်မှ (၁၅:၀၀) နာရီအချိန်အထိမွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မုဒုံမြို့နယ်၊ ပိုင်ကမာကျေးရွာနှင့် ကျိုက်ရွဲကျေးရွာတို့တွင် သဘာဝဘေးအန္တရာယ်နှင့် COVID-19 ကူးစက် ရောဂါကာကွယ်ရေး အသိပညာပေးခြင်းအား အသံချဲ့စက်များဖြင့် ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းတို့အား ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_mar2021 Source: မုဒုံမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၏ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာအစည်းအဝေးကျင်းပမှုသတင်း
၃ မတ်လ၊ နေပြည်တော် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှုများဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်း တွင် ယင်းဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်၊ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်၊ အမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ ပါဝင်တက်ရောက်ခဲ့ကြပါသည်။ ဦးစွာ ပြည်ထောင်စုဝန်ကြီးက ဒုတိယဝန်ကြီးဦးအောင်ထွန်းခိုင်အား တာဝန်ခန့်ထားခံရမှုအတွက် ဂုဏ်ပြုကြိုဆိုပါကြောင်း၊ ဝန်ကြီးဌာနနှင့် ပတ်သက် ၍ ကျွမ်းကျင်သူဖြစ်သည့်အတွက်ဌာန ကောင်းကျိုးအတွက်ပိုမိုဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း နှုတ်ခွန်းဆက်အမှာစကား ပြောကြားခဲ့ရာ ဒုတိယ ဝန်ကြီးက မိမိအနေဖြင့် လူမှုဝန်ထမ်းဦးစီးဌာနတွင် … Read more
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရေနံချောင်း မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ရေနံချောင်းမြို့၊ ဘေးမဲ့ရပ်ကွက်၊ အေးကုန်းရပ်တွင် (၂.၃.၂၀၂၁)ရက်နေ့တွင် မီးကြွင်း မီးကျန်မှတဆင့် (၃x၃) ပင် မီးဘေးသင့်အိမ်ခြေ(၁)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀၀/-)ကျပ်၊ လူဦးရေ(၅)ဦး အတွက် ဆန်ရိက္ခာဖိုး(၁၀၅၀၀/-)ကျပ်၊ စုစုပေါင်းထောက်ပံ့ရန်ပုံငွေ (၁၁၀၅၀၀/-)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုးအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူလက်ဝယ်သို့ (၃.၃.၂၀၂၁)ရက်နေ့၊ (၁၄:၃၀) နာရီအချိန်တွင် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_mar2021 Source: ရေနံချောင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မွန်ပြည်နယ်၊ သထုံခရိုင်၊ ဘီးလင်းမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၆-၂-၂၀၂၁)ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ ကြိုးဝိုင်းကျေးရွာအုပ်စု၊ ကြိုးဝိုင်းကျေးရွာရှိ ကြိုးဝိုင်းဘုန်းတော်ကြီးကျောင်းဆောင် (၁)ဆောင် မီးဘေးသင့်မှုကြောင့် ဘုန်းတော်ကြီး ကျောင်းဆောင် (၁)ဆောင် အတွက် အိမ်ဆာက်ပစ္စည်း (၃၀၀,၀၀၀/-)ကျပ်အား (၁-၃-၂၀၂၁) ရက်နေ့တွင် (၁၅:၀၀)နာရီအချိန်တွင် ကြိုးဝိုင်း ကျေးရွာအုပ်ချုပ် ရေးမှူးနှင့် ကြိုးဝိုင်းဘုန်းတော်ကြီးကျောင်း ဂေါပကတို့ထံ လက်ဝယ် အရောက်သွားရောက်ထောက်ပံ့ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_fir #mon_mar2021 Source: ဘီးလင်းမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ လေးအိမ်စုကျေးရွာတွင် (၃၀-၁-၂၀၂၁)ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဒဏ်ရာရသူ(၂)ဦးနှင့် သေဆုံးသူ(၂)ဦးတို့အတွက် ထောက်ပံ့ငွေ(၇၀၀,၀၀၀/-)အား (၁၉-၂-၂၀၂၁)ရက်နေ့ (၁၃:၀၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြောင်းသတင်းရရှိပါသည်။ #ha_fir #mgy_feb2021 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မီးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မင်းဘူးခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ကဒီးကျေးရွာ၊ လေးအိမ်တွင် (၃၀-၁-၂၀၂၁) ရက်နေ့၌ ဖြစ်ပွားခဲ့သော မီးဘေးကြောင့် ဒဏ်ရာရသူ(၂)ဦးနှင့် သေဆုံးသူ(၂)ဦးတို့အတွက် ထောက်ပံ့ငွေ (၇၀၀,၀၀၀/-)ကျပ်အား (၁၉-၂-၂၀၂၁) ရက်နေ့ (၁၃:၀၀)အချိန်တွင် မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဘေးသင့်ပြည်သူများလက်ဝယ်အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ #ha_fir #mgy_feb2021 Source: မင်းဘူးခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
ဝန်ထမ်းများ၏ အသက်(၃)နှစ်အောက်ကလေးများအတွက် ဖွင့်လှစ်ထားရှိသည့် မေမေ့ရင်ခွင်နေ့ကလေးထိန်းဌာနသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ် ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်မှ သွားရောက်ကြည့်ရှုခြင်းနှင့် ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက် ရေးဆိုင်ရာ အမျိုးသားအဆင့်ကော်မတီ၊ လုပ်ငန်းကော်မတီတို့၏ လုပ်ငန်းတာဝန်များနှင့် အမျိုးသားအဆင့်လုပ်ငန်းစီမံချက်နှင့် စပ်လျဉ်း၍ တင်ပြရှင်းလင်းသည့် အစည်းအဝေးသို့ တက်ရောက်ခြင်း
လူမှုဝန်ထမ်းဦးစီးဌာန၌ ဝန်ထမ်းများ၏ အသက်(၃)နှစ်အောက် ကလေးများအတွက်ဖွင့်လှစ်ထားရှိသည့် မေမေ့ရင်ခွင်နေ့ကလေးထိန်း ဌာနသို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၊ ဒေါက်တာသက်သက်ခိုင်နှင့်တကွ အမြဲတမ်း အတွင်းဝန်၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များလိုက်ပါ၍ ကလေးငယ်များအားပြုစု စောင့်ရှောက်မှု အခြေအနေများကို သွားရောက်ကြည့်ရှုကာ လိုအပ်သည်များကို လမ်းညွှန်မှာကြား၍ နေ့ကလေးထိန်းဌာနတွင် သား/သမီး ရင်သွေးငယ် လေးများအား မုန့်၊ ပဲနို့နှင့် အရုပ် လက်ဆောင် ပစ္စည်းများပေးခဲ့ပါသည်။ ဆက်လက်၍ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု တားဆီးကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးဆိုင်ရာ အမျိုးသားအဆင့် … Read more
