Author Archives: Aye Kyimann
-
မြိတ်မြို့၊ ငွေပုလဲရပ်၊ သံသရာအေး ဘ.က အလယ်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ မြိတ်ခရိုင် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၄.၈.၂၀၂၃) ရက်နေ့ (၁၃:၀၀)နာရီချိန်တွင် မြိတ်မြို့၊ ငွေပုလဲရပ်၊ သံသရာအေး ဘ.က အလယ်တန်းကျောင်းတွင် ကျောင်းသား/သူ (၂၁၀)ဦး ခန့်အား သဘာဝဘေးအန္တရာယ်များနှင့်ပတ်သက်၍ အသိပညာပေးဟော ပြောပွဲဆောင်ရွက်ခြင်း၊ ဘောပင်များ ဝေငှခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် မြေပြိုဘေး ဗွီနိုင်းပိုစတာ ဖြန့်ဝေခြင်း များ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_aug_2023 Source: မြိတ်ခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်၊ ကြာကန်ရပ်ကွက်နှင့် စက်သစ်ရပ်ကွက်တို့၌ ဖြစ်ပွားသော လေဘေး အတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ သံဖြူဇရပ် မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် သံဖြူဇရပ်မြို့နယ်၊ ကြံ့ခိုင်ရေးရပ်ကွက်၊ ကြာကန်ရပ်ကွက်နှင့် စက်သစ်ရပ်ကွက်တို့တွင် (၂၈-၇-၂၀၂၃) ရက်နေ့၊ (၁၆:၁၅) နာရီအချိန်ခန့်၌ မိုးသက်လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်/ပြိုကျ တစ်စိတ်တစ်ပိုင်း ပျက်စီးခဲ့ရသည့်ဘုန်းကြီး ကျောင်း (၁)ကျောင်း အပါအဝင် နေအိမ်(၁၆)လုံးတို့အတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၃၇၅၀၀၀/-)ကျပ်၊ အိမ်ထောင်စု(၁၆)စုမှ လူဦးရေ (၇၃)ဦးအတွက် ဆန်ရိက္ခာဖိုးထောက်ပံ့ငွေ (၁၅၃၃၀၀/-)ကျပ်၊ စုစုပေါင်း ထောက်ပံ့ငွေ (၅၂၈၃၀၀/-)ကျပ်တိတိအား (၂-၈-၂၀၂၃) ရက်နေ့၊ (၁၅:၃၀)နာရီအချိန်တွင် ကြံ့ခိုင်ရေးရပ်ကွက်၊ ကြာကန် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ရမ္မာဝတီဘုန်းတော် … Read more
-
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်အတွင်း၌ ရေဘေးသင့်ပြည်သူများအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၉.၇.၂၀၂၃)ရက်နေ့ (၁၆:၀၀)အချိန် ခန့်တွင် တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသန်းမှုကြောင့် မာဂရီချောင်းရေလျှံ၍ ရေဘေးသင့်ခဲ့သည့် တိုက်ကြီးမြို့နယ်အတွင်းရှိ ဖလုံဘူတာ ကျေးရွာအုပ်စု၊ ဃောတိကာရုံဘုန်းကြီး ကျောင်းတွင် ယာယီပြောင်းရွှေ့နေထိုင်သည့် အိမ်ခြေ(၇၂၈)၊ အိမ်ထောင်စု(၇၂၅)၊ လူဦး ရေ ကျား(၁၁၄၅)၊ မ(၁၄၂၁)၊ ပေါင်း(၂၅၆၆) ဦးအားလည်းကောင်း၊ ဖလုံကံကုန်းကျေးရွာအုပ်စု၊ အောင်စေတီဘုန်းတော်ကြီး ကျောင်းတွင် ယာယီပြောင်း ရွှေ့နေထိုင်သည့် အိမ်ခြေ(၁၈၂)၊ အိမ်ထောင်စု(၁၈၂)၊ လူဦးရေကျား(၄၈၀)၊ မ(၄၉၂)၊ ပေါင်း(၉၇၂)ဦး အားလည်းကောင်း၊ ဥတိုကျေးရွာအုပ်စု၊ … Read more
-
မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၊ အ.ထ.က (ကျွဲခြံ)စာသင်ကျောင်း၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ပေါင်မြို့နယ် ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၈-၆-၂၀၂၃)ရက်နေ့ (၁၀း၀၀)နာရီအချိန်မှ (၁၁း၃၀)နာရီအချိန်ထိ သဘာဝဘေးအန္တရာယ် ဆိုင်ရာအသိပညာပေးဟောပြောပွဲနှင့်ပတ်သက်၍ သိရှိ လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်/ရှောင်ရန်အချက်များအား ပေါင်မြို့နယ်၊ အ.ထ.က(ကျွဲခြံ) စာသင် ကျောင်း၌ ကျောင်းသား/သူ အင်အား (၁၀၀) ဦးတို့အား အသိပညာပေးဟောပြောဆွေးနွေးခြင်း၊ လက်ကမ်းစာစောင်များအားဖြန့်ဝေခြင်း၊ ဗီနိုင်ပိုစတာပေးအပ်ခြင်း၊ အအေးနှင့်မုန့်များဝေငှခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #mon_jun_2023 Source: ပေါင်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့၊ သောင်ကြီးအုပ်စု၊ သောင်ကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင် ပြောင်းရွှေ့နေအိမ်များအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၂၅-၆-၂၀၂၃)ရက်နေ့နှင့် (၂၆-၆-၂၀၂၃)ရက် နေ့တို့တွင် ရေကြည်မြို့နယ်၊ ငါးသိုင်း ချောင်းမြို့၊ သောင်ကြီးအုပ်စု၊ သောင်ကြီးကျေးရွာ၌ ဖြစ်ပွားခဲ့သော ကမ်းပြိုဘေးကြောင့် ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသော အိမ်ခြေ(၂)လုံးအတွက် အိမ်ဆောက်ပစ္စည်း ဖိုး (၂၀၀၀၀ဝ/-)၊ အိမ်ထောင်စု(၂)စုမှ လူဦးရေ(၁၀)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာ ရန်ပုံငွေ (၂၁၀၀ဝ/-)စုစုပေါင်း ကယ်ဆယ်ရေးရန်ပုံငွေကျပ် (၂၂၁၀၀၀/-)ကျပ်အား (၂၇-၆-၂၀၂၃)ရက်နေ့(၁၃း၄၅) နာရီအချိန်တွင် တာဝန်ရှိသူများနှင့်အတူ ဘေးသင့်ပြည်သူများ၏လက်ဝယ်အရောက် ထောက်ပံ့ပေးခဲ့ပါ ကြောင်း သတင်းရရှိပါသည်။ #ha_rbe #ayy_jun_2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ကော့သောင်းခရိုင်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၄-၆-၂၀၂၃)ရက်နေ့၊ နံနက်(၁၀:၀၀) နာရီအချိန်တွင်ကော့သောင်းမြို့နယ်၊ မလိဝမ်းကျေးရွာအုပ်စု၊ အ.ထ.က(မလိဝမ်း)ကျောင်း၌ကျောင်းသား၊ ကျောင်းသူ(၁၅၀)ဦးအား သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍ ဆောင်ရန်/ရှောင်ရန်များ၊ ဦးစီးဌာန၏ လုပ်ငန်းတာဝန်များအား Power Point ဖြင့် ရှင်းလင်းပြောကြားခြင်း၊ Video Animation များပြသခြင်း၊ လက်တွေ့ပြသခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်းဖြင့် သဘာဝဘေးအသိပညာပေး ဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jun_2023 Source: ကော့သောင်းခရိုင်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၂-၆-၂၀၂၃) ရက်နေ့၊ (၀၉:၀၀) နာရီအချိန်မှ (၁၀:၀၀)နာရီအချိန်အထိ နွားထိုးကြီးမြို့နယ်၊ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre တွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာအသိပညာပေး ဟောပြောဆွေနွေးခြင်း၊ လက်ကမ်းစာစောင် ဖြန့်ဝေပေးခြင်းများဆောင်ရွက်ခဲ့ရာ ပြည်သူလူထု (၄၀) ဦးခန့်တက်ရောက်ခဲ့ပါကြောင်း သတင်းရရှိပါ သည်။ #ar #mdy_jun_2023 Source: နွားထိုးကြီးမြို့နယ်ဦးစီးမှူးရုံး (ဘစမ)
-
သဘာဝဘေး အသိပညာပေးဆောင်ရွက်မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ တနင်္သာရီ တိုင်းဒေသကြီးဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၉.၆.၂၀၂၃) ရက်နေ့ နေ့လယ် (၁၃:၀၀)အချိန်တွင် ထားဝယ်ခရိုင်၊ ထားဝယ်မြို့ နယ်ရှိ အ.ထ.က(၂) အခြေခံပညာအထက်တန်း ကျောင်းတွင် ကျောင်းသား/ကျောင်းသူ (၂၀၀)ဦးခန့်အား သဘာဝဘေးအန္တရာယ် များနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲဆောင်ရွက်ခြင်း၊ သဘာဝဘေးအသိပညာပေးလက်ကမ်းစာစောင်များနှင့် ဗီနိုင်းပိုစတာဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ar #tny_jun_2023 Source: တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးရုံး (ဘစမ)
-
“ထူးခြားမိုးလေဝသအခြေအနေသတင်း အမှတ်စဉ် (၀၁/၂၀၂၃)”
(၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့၊ မြန်မာစံတော်ချိန်(၁၆:၀၀)နာရီအချိန်ထုတ်ပြန်ချက် (က) ယနေ့မြန်မာစံတော်ချိန် (၁၅:၃၀)နာရီအချိန် တိုင်းထွာချက်များအရ အရှေ့ဘက်မှ ရွေ့လျားလာ သော လေပွေလှိုင်းများ၏ အရှိန်ကြောင့်လည်းကောင်း၊ အပူပျံတက်တိမ်များ ဖြစ်ထွန်းမှုအားကောင်းခြင်း ကြောင့်လည်းကောင်း၊ ဖိလစ်ပိုင်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော တိုင်ဖွန်းမုန်တိုင်း “မဝါ” (Mawar)မှ ပြတ်ထွက်လာသောတိမ်တိုက်များကြောင့်လည်းကောင်း(၂၈.၅.၂၀၂၃)ရက်နေ့မှ(၃၀.၅.၂၀၂၃)ရက်နေ့ အတွင်း နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီ တိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ … Read more
-
ငါးသိုင်းချောင်းမြို့၊ ကက္ကူကြီးကျေးရွာအုပ်စု၊ ရေသိုးကုန်းကျေးရွာတွင် ဖြစ်ပွားခဲ့သော မိုးကြိုးဘေးအတွက် ထောက်ပံ့မှုသတင်း
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန၊ ရေကြည်မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် (၁၀.၅.၂၀၂၃) ရက်နေ့ (၁၈း၄၀)နာရီအချိန်၌ ငါးသိုင်းချောင်းမြို့၊ ကက္ကူကြီးကျေးရွာအုပ်စု၊ ရေသိုးကုန်းကျေးရွာတွင်ဖြစ်ပွားခဲ့သော မိုးကြိုးဘေး ကြောင့် သေဆုံးခဲ့သူ(၁)ဦးအတွက် ကယ်ဆယ်ရေးရန်ပုံငွေကျပ် (၃၀၀၀၀၀/-)တိတိအား (၁၁-၅-၂၀၂၃) ရက်နေ့ (၁၁း၂၀)နာရီအချိန်တွင် တာဝန်ရှိသူများရှေ့မှောက်၌ သေဆုံးသူ၏ မိသားစုဝင်များ လက်ဝယ် အရောက် ထောက်ပံ့ပေးအပ်ခဲ့ပါကြောင်း သတင်းရရှိပါသည်။ #ha_tls #ayy_may_2023 Source: ရေကြည်မြို့နယ်ဦးစီးမှူးရုံး (ဘစမ)
